21
Fri, Sep
685 New Articles

အင်းတော်ကြီးကန်အတွင်းရေပျော်ငှက်စာရင်းကောက်ယူရာ တစ်ရက် အတွင်းကောင်ရေ တစ်သောင်းကျော်ကောက်ယူရရှိခဲ့

ရေပျော်ငှက်တချို့အားတွေ့ရစဉ် (ဓာတ်ပုံ--MOI) Social

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

အာရှတိုက်အတွင်းရှိ ရေဝပ်ဒေသများမှ ရေပျော်ငှက်များ စာရင်း ကောက်ယူခြင်းကို နှစ်စဉ် ဇန်နဝါရီ ၆ ရက်မှ ၂၂ ရက်အထိ ဆောင်ရွက် လျက် ရှိရာ မိုးညှင်းခရိုင်ရှိ အင်းတော်ကြီး ကန်အတွင်း ရေပျော်ငှက်စာရင်း ကောက်ယူခြင်းကို ယခုလ ၉ ရက်နေ့တွင် အင်းတော်ကြီး ဘေးမဲ့တောအုပ်ချုပ်ရေးဌာန၏ ဦးဆောင်မှုဖြင့် ကောက်ယူခဲ့ရာ ရေပျော်ငှက် ၄၁ မျိုးနှင့် ကောင်ရေပေါင်း ၁၇,၂၄၉ကောင် တွေ့ရှိ မှတ်တမ်း တင်နိုင် ခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။ 

ရေပျော်ငှက်စာရင်းကောက်ယူခြင်းကို အင်းလေးကန်ဘေးမဲ့တော၊ မိုးယွန်းကြီးအင်းဘေး မဲ့တော၊ တောင်သမန်အင်း၊ ပုလိပ်အင်းနှင့်ဖြူကန် စသည့် ရေဝပ်ဒေသများတွင်လည်း ဆက်လက်၍ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံရေဝပ်ဒေသများ၌ ကောက်ယူရရှိသည့် ရေပျော်ငှက်များစာရင်းကို Wet Land International သို့ WCS နှင့်သစ်တောဦးစီးဌာနတို့က သီးခြားစီဆက်လက်ပေးပို့သွား မည်ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)