25
Mon, Jun
791 New Articles

နိုင်ငံအတွင်း တွေ့ ရှိရသည့် ဝက်ဝံ မျိုးစိတ်များ၏ နေရင်းဒေသများကို ထိန်းသိမ်းရေး ဆွေးနွေး

မြန်မာ့ ဝက်ဝံ ထိန်းသိမ်းရေး အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-Forest Department) Social

ရန်ကုန် ၊ မတ် ၁၄ ရက်(ဆင်ဟွာ)

နိုင်ငံအတွင်း တွေ့ ရှိရသည့် ဝက်ဝံ မျိုးစိတ် များ၏ နေရင်းဒေသများကို ထိန်းသိမ်းရေး ရည်ရွယ်ချက်များ အပါအ၀င် နည်းလမ်းများ ဖော်ထုတ်နိုင်ရေး အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သစ်တော ဦးစီး ဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာ့ ဝက်ဝံ ထိန်းသိမ်းရေး အစည်းအဝေးအား မတ် ၁၃ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ရာ နိုင်ငံအတွင်း တွေ့ ရှိရသည့် ဝက်ဝံမျိုးစိတ်များ၏ နေရင်းဒေသများကို ထိန်းသိမ်းရေး ၊ ၄င်းတို့ ၏ ဂေဟစနစ်များ တည်ငြိမ် ကောင်းမွန်ရန် ၊ မျိုးဆက် ပျက်သုဉ်းမည့် အန္တရာယ်မှ ကာကွယ် ထိန်းသိမ်းရန် နှင့် တရားမဝင် အမဲလိုက် သတ်ဖြတ်ခြင်း ၊ ကူးသန်း ရောင်းဝယ်နေခြင်း တို့ ကို တားဆီး နှိမ်နင်းရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)