24
Thu, May
635 New Articles

ထိန်ပင်အမှိုက်ပုံ မီးငြှိမ်းသတ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြ သူများအား ချီးကျူးဂုဏ်ပြုထိုက်သူ အဖြစ်ရွေးချယ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချီးကျူးဂုဏ်ပြုထိုက်သူ အဖြစ်ရွေးချယ်သော ကြေညာချက်အား တွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး) Social

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)

 

လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံ မီးငြှိမ်းသတ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြ သူများအား  ချီးကျူးဂုဏ်ပြုထိုက်သူ အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရွေးချယ်ခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံသူနိုင်ငံသားများ၊ ပရဟိတ စေတနာရှင်များ၊ လူမှုအသင်းအဖွဲ့များမှ ချီးကျူးဂုဏ်ပြု ထိုက်သူကို ရွေးချယ်၍ ကျေးဇူးတင်လွှာ ထုတ်ပြန်ပေးလျက်ရှိရာ ယခုနှစ်မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ထိန်ပင်အမှိုက်ပုံ မီးငြှိမ်းသတ်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသော မီးသတ် တပ်ဖွဲ့ဝင်များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့အစည်းများနှင့် အလှူရှင် အဖွဲ့အစည်းများ၊ ပြည်သူပြည်သား များအား ရွေးချယ်လိုက်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးမှ မေ ၁၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြေင်း သိရသည်။

 

ယခုနှစ်မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူ အဖြစ် ထိန်ပင်အမှိုက်ပုံ မီးငြှိမ်းသတ်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့အစည်းများနှင့် အလှူရှင် အဖွဲ့အစည်းများ၊ ပြည်သူပြည်သား များအားရွေးချယ်၍ ဤကျေးဇူးတင်လွှာကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။(Xinhua)