11
Tue, Dec
668 New Articles

မြန်မာနိုင်ငံရဲတပ်ဖွဲ့က သီတင်းကျွတ် နှင့် တန်ဆောင်တိုင်ပွဲတော်ကာလအတွက် အသိပေးနှိုးဆော်ချက် ထုတ်ပြန်

၂၀၁၇ ခုနှစ် သီတင်းကျွတ်လပြည့်ည ၌ ရွှေတိဂုံ ဘုရားပေါ်တွင် ဆီမီးပူဇော်နေကြစဉ် (ဆင်ဟွာ) Social

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ် များတွင် သီတင်းကျွတ် နှင့် တန်ဆောင်တိုင်ပွဲတော် ကာလ၌ မီးရှုးမီးပန်း၊ ဗြောက်အိုး၊ ရှုးဒိုင်းများကို ထုတ်လုပ်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့မှ အသိပေးနှိုးဆော်ချက်အားယနေ့ထုတ်ပြန်ခဲ့သည်။

သီတင်းကျွတ်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်ပွဲတော်များကို အကြောင်းပြု၍ မီးရှုးမီးပန်းများ ပစ်လွှတ်ခြင်း၊ ဗြောက်အိုး၊ ရှုးဒိုင်းများ ပစ်ဖောက်ခြင်းများပြုလုပ်ကြခြင်းကြောင့် အများပြည်သူ အထိန့်အလန့်ဖြစ်စေခြင်း၊ ပြည်သူလူထုနှင့် ကလေးသူငယ်တို့ ထိခိုက်အနာတရ ဖြစ်စေနိုင်သည့်အပြင် မသမာသူများ/ အဖျက်အမှောင့် ဆောင်ရွက်လိုသူများမှလည်း အခွင့်ကောင်းယူပြီး အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဖောက်ခွဲဖျက်ဆီးမှုများ ရောနှောဆောင်ရွက်လာနိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ အသိပေးနှိုးဆော်ချက်ထဲတွင်ပါရှိသည်။  (Xinhua)