26
Sun, May
582 New Articles

ရန်ကုန်မြို့၌ ၂၀၁၈ခုနှစ် နိုင်ငံတကာ မျက်မမြင် လမ်းလျှောက် တုတ်နေ့ ကျင်းပ

ရန်ကုန်မြို့၌ နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်ပွဲကျင်းပစဉ်(ဆင်ဟွာ) Social

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

၂၀၁၈ခုနှစ် နိုင်ငံတကာ မျက်မမြင် လမ်းလျှောက် တုတ်နေ့ အထိမ်းအမှတ်၊ (၂၇) ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန် ဖလား လမ်းလျှောက် ပြိုင်ပွဲကို ယနေ့နံနက် ၆နာရီက မြို့တော်ခန်းမရှေ့၌ ကျင်းပခဲ့သည်။

ရန်ကုန်မြို့၌ နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်ပွဲကျင်းပစဉ်(ဆင်ဟွာ)

အဆိုပါ အခမ်းအနားသို့ မျက်မမြင် ကျောင်းများနှင့် အသင်းအဖွဲ့ စုစုပေါင်း (၂၈)ဖွဲ့မှ ပြိုင်ပွဲဝင် စုစုပေါင်း ကျား(၈၆၆)ဦး၊ မ(၄၇၉)ဦး၊ စုစုပေါင်း (၁၃၄၅)ဦးနှင့် အကူ(၄၇၆)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပြီး မြို့တော်ခန်းမရှေ့မှ တာလွှတ်ကာ ကုန်သည်လမ်း၊ ဘုန်းကြီးလမ်း ထိုမှတစ်ဆင့် မြို့တော်ခန်းမရှေ့သို့ ပန်းဝင်လာကြကြောင်း သိရသည်။(Xinhua)