27
Mon, May
571 New Articles

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း တိုက်ခန်း၊ အိမ်ရာ ဥပဒေရေးဆွဲရေးလုပ်ငန်းအဖွဲ့နှင့် တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းအားတွေ့ရစဉ် (ဓာတ်ပုံ--YRG) Social

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ယနေ့ မွန်းလွဲ၁နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ ခန်းမ(၄)၌ တိုက်ခန်း အိမ်ရာ ဥပဒေရေးဆွဲရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ သတင်းထုတ်ပြန်သည်။

တွေ့ဆုံရာတွင် ၀န်ကြီးချုပ်အား အဆိုပါအဖွဲ့မှ တိုက်ခန်း အဆောက်အအုံဆိုင်ရာ ဥပဒေရေးဆွဲခြင်းအတွက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံရာသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် အတွင်းရေးမှူး ဦးမျိုးအောင်ဌေးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။  (Xinhua)