18
Fri, Oct
573 New Articles

ကျေးရွာ ၇၅ ရွာအတွက် ရေဂါလန် သုံးသိန်းခန့် ဖြန့်ဖြူးပေးနိုင်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လယ်စိုက်ပျိုးရေးလုပ်ကိုင်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ) Social

နေပြည်တော်၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် နွေရာသီ ရေရှားပါး ကျေးရွာများအား သောက် သုံးရေများ ဖြန့် ဖြူးပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်အတွင်း မေလ၂၃ ရက်နေ့အထိ နေပြည် တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုရှိ မြို့နယ် ၃၀ မှ ကျေးရွာပေါင်း ၇၅ ရွာထံသို့ ရေဂါလန် ၂၉၅၂၂၀ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်နိုင်ရန် ရေပြတ်လပ်မှုဖြစ်နိုင်ခြေ စာရင်း ကောက်ယူခြင်း၊ သောက်သုံးရေ အလျင်အမြန် ပံ့ပိုး ဖြည့်ဆည်းပေးမည့် အစီအစဉ် ရေးဆွဲခြင်းများ ကြိုတင် ဆောင်ရွက်ခဲ့ရကြောင်း၊ ကယား၊ မွန်၊ ရခိုင်၊ ရှမ်း ပြည်နယ်များနှင့် စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော် တိုင်းဒေသကြီးများ ရေရှားပါး ကျေးရွာများသို့ ဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်ပြီး ပဲခူး၊ မကွေး၊ မန္တလေး တိုင်း ဒေသကြီးများနှင့် မွန်ပြည်နယ်တို့တွင် ရေဂါလန် အများဆုံး ဖြန့်ဖြူးပေးခဲ့ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ကျေးလက်ရေရှိရေး လုပ်ငန်းများကို ယခု ဘဏ္ဍာနှစ်အတွင်း ကျေးရွာပေါင်း ၂၁၇၇ ရွာ၌ ရေပေးရေး လုပ်ငန်းပေါင်း ၂၂၂၁ အား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး မည်သည့် ကျေးရွာ မဆို ရေရှားပါး ပြတ်လပ်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များရှိ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန များသို့ ဖုန်း၊ သို့မဟုတ် အခြား ဆက်သွယ်ရေး နည်းလမ်း မျိုးစုံဖြင့် အချိန်အခါမရွေး ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်းလည်း အသိပေး နှိုးဆော်ထားသည်။(Xinhua)