မြန်မာနိုင်ငံတွင် နေထိုင်ကျက်စားသည့် ငှက်လက်မမြီးရှည်ညို ငှက်မျိုးစိတ်များကို မြန်မာ့ဇာတိရင်းငှက်မျိုးစိတ်သစ်တစ်ခုအဖြစ် သတ်မှတ်

Brown Prinia (ငှက်လက်မမြီးရှည်ညို) အားတွေ့ရစဉ် (ဓာတ်ပုံ-- WCS) Social

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံတွင် နေထိုင်ကျက်စားသည့် Brown Prinia (ငှက်လက်မမြီးရှည်ညို) ငှက်မျိုးစိတ်များကို ကမ္ဘာ့ငှက်ပညာရှင်များက ထပ်မံမျိုးခွဲ သုတေသနပြုခဲ့ရာ မြန်မာနိုင်ငံတွင် နေထိုင်ကျက်စားသည့် Brown Prinia ငှက်မျိုးစိတ်ကို Burmese Prinia (Prina cooki) မျိုးစိတ်အဖြစ် မျိုးခွဲခဲ့ပြီး၊ ၎င်းငှက်မျိုးစိတ်ကို မြန်မာနိုင်ငံတစ်နိုင်ငံအတွင်း၌သာ တွေ့ရှိနိုင်သော မြန်မာဇာတိရင်းမျိုးစိတ် ( Myanmar Endemic) အဖြစ် သတ်မှတ်အတည်ပြုလိုက်ကြောင်း သား ငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) WCS ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ 

ယင်းကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၇ ရက်က အတည်ပြုလိုက်ခြင်းဖြစ်ပြီး အဆိုပါငှက်မျိုးစိတ်သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် နေထိုင်ကျက်စားလေ့ရှိကြောင်း WCS ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။  (Xinhua)