ရန်ကုန်တိုင်းဒေသကြီး တွင် အသုံးပြုနေသော YBS ယာဉ် ၁,၄၁၉ စီးတွင် ငွေပေးချေကတ် စက်များတပ်ဆင်ပြီးစီး

YBS ယာဉ်လိုင်းအားတွေ့ရစဉ် (ဆင်ဟွာ) Social

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုလျက်ရှိသော YBS ယာဉ်ကြီးများတွင် ငွေပေးချေကတ်ကို  ယာဉ် ၁,၄၁၉ စီးတွင် စက်များတပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက် ရှိသော YBS ယာဉ်ကြီးများအနက်မှ ပထမအဆင့် အနေဖြင့် မော်တော်ယာဉ်အစီးရေ ၁,၅၀၀ တွင် စက်များတပ်ဆင်ရန် ၂၀၁၉ ခုနှစ်အတွင်း စီစဉ် ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအစီးရေ ၁,၅၀၀ အနက် ပြုပြင်နေသော ယာဉ်များနှင့် စက်တပ်ဆင်ရေး အတွက်ပြင်ဆင်မှု ပြုလုပ်နေသည့် ယာဉ်အချို့သာ ကျန်ရှိတော့ကြောင်း သိရသည်။

YBS ယာဉ်လိုင်းအားတွေ့ရစဉ် (ဆင်ဟွာ) 

YBS ယာဉ်လိုင်းအားတွေ့ရစဉ် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ် YBS ယာဉ်အစီးရေပေါင်း ၄,၃၀၀ ကျော် ပုံမှန်ပြေးဆွဲ ပေးလျက်ရှိကြောင်း ဇန်နဝါရီ လ ၁၀ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။  (Xinhua)