29
Mon, May
563 New Articles

အသေးစားနှင့် လက်လုပ်လက်စား သတ္တုတူးဖော်သူများ လုပ်ကိုင်ခွင့် လျှောက်ထားရန်မလို

အကြီးစား သတ္တုတူးဖော်ရေးလုပ်ကိုင်နေသော လုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်) Social

ရန်ကုန်၊ ဇန်န၀ါရီ ၁၁ ရက် (ဆင်ဟွာ)

ပြည်တွင်းမှ အသေးစားနှင့် လက်လုပ်လက်စားသတ္တုတူးဖော်သူများသည် ပြုပြင်ရေးဆွဲထားသောသတ္တုတူးဖော် ရေးဥပဒေသစ်အရ ပြည်ထောင်စုအစိုးရထံတွင် လုပ်ကိုင်ခွင့် လိုင်စင်လျှောက်ထားရန် မလိုအပ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ လုပ်ကိုင်သူများသည် ပြည်ထောင်စုအစိုးရထံတွင် လျှောက်ထားရန် မလိုအပ်ဘဲ သက်ဆိုင်ရာတိုင်းဒေသကြီး နှင့်ပြည်နယ်အစိုးရအဖွဲ့များထံသို့သာ လျှောက်ထားရမည်ဖြစ်သည်။

 

ပြည်ထောင်စုအစိုးရက ကိုင်တွယ်လုပ်ဆောင်သော်လည်း ယခုအခါတူးဖော်ခွင့် နှင့်ပတ်သက်၍ အကြီးစားနှင့် အလတ်စားတူးဖော်ရေးလုပ်ငန်းများကိုသာ ပြည်ထောင်စုအစိုးရက ကိုင်တွယ်သွားမည်ဖြစ်ပြီး အသေးစားနှင့် လက်လုပ် လက် စားတူးဖော်မှုများ၏ခွင့်ပြုချက်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့မှ ကိုင်တွယ်သွားမည်ဖြစ်သည်။(Xinhua)