21
Tue, Nov
626 New Articles

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အာဆီယံ နှင့် ဖီဖာဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ရေး အဆိုပြုတင်သွင်း

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်အားတွေ့ရစဉ် (ဓာတ်ပုံ-- MFF) Sport

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီ အစည်းအဝေးတွင် ယူ၁၃ ဘောလုံးပွဲတော်များ ဒေသတွင်း နှစ်စဉ်အကြိမ် အရေအတွက်များများ ကျင်းပပေးရေး၊ ဖီဖာ ကမ္ဘာ့ဖလား ယူ၁၇ နှင့် ယူ၂၀ ဘောလုံးပြိုင်ပွဲများအား အာဆီယံနိုင်ငံများ ပူးပေါင်း၍ အိမ်ရှင်အဖြစ် လက်ခံကျင်းပရေး တို့ကို အဆိုပြု တင်သွင်းခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။ 

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပနေသော အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF )ကောင်စီအစည်းအဝေးနှင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် တစ်နှစ်တာ အကောင်းဆုံးဆုများ ချီးမြှင့်ပွဲသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် (ဒုတိယ ဥက္ကဋ္ဌ၊ အာဆီယံဘောလုံး အဖွဲ့ချုပ်) နှင့် စီအီးအို ဦးဘုန်းနိုင်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း တို့တက်ရောက်လျက်ရှိကြောင်း သိရသည်။  (Xinhua)