24
Thu, May
649 New Articles

ကာဂျစ္စတန်နှင့်မြန်မာ အာရှဖလား ခြေစစ်ပွဲစဉ် ကြားကွင်း အဖြစ် တောင်ကိုရီးယားနိုင်ငံ အင်ချွန်း မြို့၌ ကစားရန် ဆုံးဖြတ်

မြန်မာအသင်း၏ ယှဉ်ပြိုင် ကစားနေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ- MFF) Sport

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

၂၀၁၉ အာရှဖလား ခြေစစ်ပွဲ အုပ်စု(က) လက်ကျန်ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ကာဂျစ္စတန်နှင့်မြန်မာ ပွဲစဉ်ကို ကြားကွင်း အဖြစ် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ Incheon Football Stadium ၌ ယှဉ်ပြိုင် ကစားရန် အာရှဘောလုံး အဖွဲ့ချုပ်မှ ဆုံးဖြတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ထံ တရားဝင်စာပေးပို့ အကြောင်းကြားထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

လုံခြုံရေး အခြေအနေကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရသည့် ကာဂျစ္စတန်အသင်းနှင့် မြန်မာအသင်းတို့ ပွဲစဉ်အား မတ်လ ၂၂ ရက်တွင် ကြားနိုင်ငံတစ်နိုင်ငံတွင် ပြန်လည် ယှဉ်ပြိုင်ကစားရန် အာရှဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ ဆုံးဖြတ်ပြီးနောက် ယခုကဲ့သို့  တောင်ကိုရီးယားနိုင်ငံ အင်ချွန်း မြို့၌ ကစားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပွဲစဉ်ကို ကနဦး ဆုံးဖြတ်ထားသည့် ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပွဲကစားမည့် အချိန် Kick Off Time ကိုမူ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနှင့် ကာဂျစ်တို့သည် ပထမ အကျော့တွင် ရန်ကုန်၌  (၂-၂)ဂိုး သရေကျခဲ့ပြီး အုပ်စုတက် ရေးအတွက် ဒုတိယအကျော့ ပွဲစဉ်သည် နှစ်သင်းစလုံးအတွက် အရေးပါဆုံး အဆုံးအဖြတ် ပွဲစဉ်လည်း ဖြစ်ကြောင်း သိရသည်။(Xinhua)