11
Tue, Dec
668 New Articles

အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပမည့် မြန်မာနှင့် အင်ဒိုနီးရှားဘောလုံးခြေစမ်းပွဲကို ဝက်ဘ်ဆိုက်လင့်ခ် www.pssi.org တွင် တိုက်ရိုက် ကြည့်ရှုနိုင်

ဘောလုံးခြေစမ်း ပွဲ၏ ပွဲထွက် လူစာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF) Sport

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပမည့် မြန်မာနှင့် အင်ဒိုနီးရှားဘောလုံးခြေစမ်းပွဲကို RCTI ရုပ်သံလိုင်းနှင့် ဝက်ဘ်ဆိုက်လင့်ခ် www.pssi.org တွင် တိုက်ရိုက် ကြည့်ရှုနိုင်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

ယနေ့ ည ၆း၀၀ နာရီအချိန်တွင် အင်ဒိုနီးရှားနိုင်ငံ Cikarang ရှိ Wibawa Mukti ကွင်း၌ ၎င်းခြေစမ်းပွဲ ကစားကြမည်ဖြစ်သည်။ထို့ပြင် ၎င်း ဘောလုံးခြေစမ်း ပွဲ၏ ပွဲထွက် လူစာရင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ ယနေ့ညနေ တွင် ထုတ်ပြန်ခဲ့သည်။  (Xinhua)