19
Mon, Nov
668 New Articles

မြန်မာအမျိုးသမီးယူ၁၆ ဘောလုံးအသင်းပါဝင်သည့် အုပ်စု (ခ) ခြေစစ်ပွဲစဉ်များကို မြန်မာနိုင်ငံအိမ်ရှင်အဖြစ်လက်ခံကျင်းပမည်

အုပ်စု (ခ) ခြေစစ်ပွဲစဉ်ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--MFF) Sport

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာအမျိုးသမီးယူ၁၆ ဘောလုံးအသင်းပါဝင်သည့် အုပ်စု (ခ) ခြေစစ်ပွဲစဉ်များကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၇ရက် ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။

အုပ်စု ပထမနှင့် ဒုတိယဘောလုံးအသင်းများ သည် ၂၀၁၉ ခုနှစ် ၌ ထိုင်းနိုင်ငံတွင် ကျင်းပမည့် အာရှယူ၁၆ အမျိုးသမီးနောက်ဆုံးအဆင့်ဘောလုံး ပွဲစဉ်များသို့  ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)