12
Wed, Dec
661 New Articles

မြန်မာအမျိုးသမီး ဘောလုံးအသင်းနှင့် အိန္ဒိယလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတို့ယနေ့ ယှဉ်ပြိုင်မည်

မြန်မာအမျိုးသမီး အသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ--MFF) Sport

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အမျိုးသမီး ဘောလုံး အိုလံပစ် ခြေစစ်ပွဲ ပထမအဆင့် အုပ်စု င ၏ နောက်ဆုံးဘောလုံးပွဲစဉ် အဖြစ် မြန်မာအမျိုးသမီး အသင်းနှင့် အိန္ဒိယလက်ရွေးစင် အမျိုးသမီးအသင်းတို့ ယနေ့ နိုဝင်ဘာလ ၁၃ရက် ညနေ ၆နာရီ ရန်ကုန်မြို့ ရှိ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

အဆိုပါ ပွဲစဉ်ကို ကွင်းဝင်ကြေးအခမဲ့ဖြင့်လာရောက် အားပေးနိုင်မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)