15
Sun, Sep
495 New Articles

မြန်မာလက်ရွေးစင် ယူ၁၉အမျိုးသမီးအသင်းနှင့် သြစတြေးလျ ယူ၁၉ အမျိုးသမီးအသင်းတို့ မန္တလေးတိုင်းဒေသကြီး၊ မန္တလာသီရိ အားကစားကွင်းတွင်ဘောလုံးခြေစစ်ပွဲကစားမည် 

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းလေ့ကျင့်မှုများဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- MFF) Sport

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) 

အာရှယူ၁၉ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် ယူ၁၉အမျိုးသမီးအသင်းနှင့် သြစတြေးလျ ယူ၁၉ အမျိုးသမီးအသင်းတို့ ည ၇နာရီ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလာသီရိ အားကစားကွင်းတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။ 

လာရောက်ကြည့်ရှုအားပေးမည့်  ပရိသတ်များအတွက် အခမဲ့ ဝင်ရောက်ကြည့်ရှု့နိုင်မည်ဖြစ်ပါကြောင်း သိရသည်။   (Xinhua)