25
Sat, May
588 New Articles

ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့တွင် ယနေ့ကျင်းပသည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်စ်တွင် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော် အား၂၀၁၉ခုနှစ် မှ ၂၀၂၃ခုနှစ်အထိ အထိ ရွေးချယ် တာဝန်ပေးခြင်းခံရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့  ချုပ်မှယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

အာရှယူ-၂၃ ချန်ပီယံရှစ် ဘောလုံးခြေစစ်ပွဲ အုပ်စု (I) ကို မတ်၂၂ရက်မှ ၂၆ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ မန္တလာသီရိကွင်း တွင် မြန်မာနိုင်ငံမှ  အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC U-16 Women's Championship 2019 ဘောလုံးခြေစစ်ပွဲစဉ် ဒုတိယအဆင့်ပွဲများကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

မြန်မာ့အားကစား ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျင်းပခဲ့သည့် National Sport Seminar ၏ ရလဒ်များအတိုင်း အမြန်ဆုံး ဆောင်ရွက်ရန်အရေးကြီးကြောင်း နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် နီပေါအသင်းအား ၃-၁ ဂိုးဖြင့် အနိုင်ယူပြီး ချန်ပီယံဆု ရယူနိုင်ခဲ့သည့် အောင်ပွဲရ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၁၇ ရက်၊ ယနေ့ မွန်းလွဲ ၁၂း၀၀ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲအတွက် မြန်မာလက်ရွေးစင် ယူ-၂၂ ဘောလုံး အသင်းလူစာရင်းအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ယနေ့ ထုတ်ပြန်လိုက်သည်။ 

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီ ၂ ရက်မှ ၆ ရက်အထိ ကျင်းပလျက်ရှိသည့် နိုင်ငံတကာအလေးမပြိုင်ပွဲ (2nd EGAT's King Cup Senior International Weightlifting Championship 2019) တွင် မြန်မာအားကစားသမားများ ကြေးတံဆိပ်သုံးခုဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၂၂ ရက်(ဆင်ဟွာ)

ပြည်ထောင်စုနေ့ အထိမ်းအမှတ် Myanmar Union Day Peace Run ပြိုင်ပွဲ အဖြစ် ၅ ကီလိုမီတာ အပြေး ပြိုင်ပွဲများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ကြီးများတွင် ကျင်းပသွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာန ၊ အားကစားနှင့် ကာယ ပညာ ဦးစီးဌာန၏ ကြေညာမှု အရ သိရသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁၆ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ် လေးနှစ်တာ ကာလအတွင်း ယှဉ်ပြိုင်ရမည့် FIFA, AFC နှင့် အာဆီယံ ပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိရေး အတွက် ရေးဆွဲထားသည့် လေးနှစ်စီမံကိန်းအား ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချူပ်၌ သတင်း မီဒီယာများအား ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လစ်လပ်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် သစ်ကို ဇန်နဝါရီ လကုန်တွင် ခန့်အပ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။