12
Wed, Dec
661 New Articles

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

၂၀၂၀ အိုလံပစ်၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့် အုပ်စု(ဂ) အုပ်စုပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

(၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံ က ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် နေပြည်တော်တွင် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

အာရှဘောလုံးအဖွဲ့ချုပ် (AFC) ရုံးချုပ်သစ် ဖွင့်လှစ်ပွဲသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်ခဲ့ကြကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

ဝမ်းမစ်ဒယ်ဝိတ် ကမ္ဘာ့ ချန်ပီယံ ခါးပတ်အား ကာကွယ်ရန် လက်ရှိ ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် မိုဟာမက်ကရာကီ (Mohammad Karaki) နှင့် ယနေ့ အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ ၌ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ ပွဲချိန် စတင်ချိန် ပထမ အချီမှာပင် အောင်လအန်ဆန် က ယှဉ်ပြိုင် အနိုင်ရရှိကာ ဝမ်းမစ်ဒယ်ဝိတ် ကမ္ဘာ့ ချန်ပီယံ ခါးပတ်အား ဆက်လက် ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ)

ကမ္ဘာ့ပိုလီယိုနေ့ အထိမ်းအမှတ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ရန်ကုန်မြို့၊ ကန်တော်ကြီးဥယျာဉ်၌ ယနေ့ နံနက် ၆ နာရီတွင် ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။ 

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှ ၂၇ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ Grand Mercure Hotel တွင် ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် ၂၀၁၉ခုနှစ်အတွင်း လက်ခံကျင်းပမည့် အာရှအမျိုးသမီး ယူ၁၉ ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်အတွက် မြန်မာအမျိုးသမီးအသင်းပါဝင်မည့် ပထမအဆင့်ခြေစစ်ပွဲများကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် အောက်တိုဘာလ ၂၄ရက်နေ့မှ ၂၈ရက်နေ့အထိ လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

၂၀၂၀ အမျိုးသမီး အိုလံပစ် ဘောလုံးပြိုင်ပွဲအတွက် ဘောလုံးခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် ယနေ့ မန္တလေးမြို့တွင် စခန်းသွင်းလေ့ကျင့်ရန်အတွက် ထွက်ခွာခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ အောက်တိုဘာ ၁၆ရက် (ဆင်ဟွာ)

ဘာရိန်းနိုင်ငံတွင် ခြေစမ်းကြမည့် ဘာရိန်းနှင့်မြန်မာ ဘောလုံးချစ်ကြည်ရေးခြေစမ်းပွဲအား ယနေ့အောက်တိုဘာ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ည၁၀း၄၅နာရီ၌ဘာရိန်း အမျိုးသား အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်ရာ ခြေစမ်းပွဲအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က တိုက်ရိုက် ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နှင့်  ဘာရိန်းနိုင်ငံ လက်ရွေးစင်ဘောအသင်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ရက် မြန်မာစံတော်ချိန် ည ၁၀း၄၅ နာရီ တွင် ဘာရိန်း အမျိုးသားအားကစားကွင်း တွင် ခြေစမ်းကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။