22
Wed, May
568 New Articles

မန္တလေး၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အာဆီယံ ဒေသတွင်း ပထမဆုံး ဖိတ်ခေါ် ကွင်းပတ်စက်ဘီးပြိုင်ပွဲကို မန္တလေးမြို့ တွင် ယနေ့  ကျင်းပ ခဲ့ရာ မန္တလေးတိုင်းးဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ မန္တလေးမြို့ တော်ဝန် ဒေါက်တာ ရဲလွင်၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ ချုပ် ဥက္ကဌ ဦးခင်မောင်ဝင်းတို့ က ဖွင့်လှစ်ခဲ့ပြီး ဧည့်သည်တော် အချို့ အပါအ၀င် ၎င်းတို့ကိုယ်တိုင် ကွင်းနှစ်ပတ် စက်ဘီးစီးနင်းလျက် ကွင်းဖွင့်ပေးခဲ့ကြောင်း သိရသည်။ 

ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

၂၀၂၀ အိုလံပစ်၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့် အုပ်စု(ဂ)ပွဲစဉ်များ ၏ပထမနေ့ ပွဲ တွင် မြန်မာအသင်းက ၅-၀ ဂိုးဖြင့် ဘင်္ဂလားဒေ့ရှ်အသင်းကို အနိုင်ရခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာအမျိုးသမီးယူ၁၆ ဘောလုံးအသင်းပါဝင်သည့် အုပ်စု (ခ) ခြေစစ်ပွဲစဉ်များကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၇ရက် ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်မြို့ရှိ ကျိုက္ကဆံ မြားပစ်ကွင်း၌ လက်ခံကျင်းပလျက်ရှိသည့် (၇)ကြိမ်မြောက် အရှေ့တောင်အာရှ တံခွန်စိုက်အလွတ်တန်း မြားပစ်ပြိုင်ပွဲ တွင် မြန်မာမှ ရွှေတံဆိပ် ခုနစ်ခု၊ ငွေတံဆိပ် ငါးခု၊ ကြေးတံဆိပ် ငါးခု ဆွတ်ခူးရရှိထားကြောင်း သိရသည်။

 ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

နိုဝင်ဘာ (၈)ရက်နေ့မှ (၁၃)ရက်နေ့အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Women’s Olympic Football Tournament Asian Qualifier (Round-1) ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည်အဖွင့်ပွဲစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးဘောလုံး အသင်း နှင့် နိုဝင်ဘာလ ၈ရက်နေ့ ညနေ ၆နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

၂၀၂၀ အိုလံပစ်၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့် အုပ်စု(ဂ) အုပ်စုပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

(၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံ က ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် နေပြည်တော်တွင် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

အာရှဘောလုံးအဖွဲ့ချုပ် (AFC) ရုံးချုပ်သစ် ဖွင့်လှစ်ပွဲသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်ခဲ့ကြကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

ဝမ်းမစ်ဒယ်ဝိတ် ကမ္ဘာ့ ချန်ပီယံ ခါးပတ်အား ကာကွယ်ရန် လက်ရှိ ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် မိုဟာမက်ကရာကီ (Mohammad Karaki) နှင့် ယနေ့ အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ ၌ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ ပွဲချိန် စတင်ချိန် ပထမ အချီမှာပင် အောင်လအန်ဆန် က ယှဉ်ပြိုင် အနိုင်ရရှိကာ ဝမ်းမစ်ဒယ်ဝိတ် ကမ္ဘာ့ ချန်ပီယံ ခါးပတ်အား ဆက်လက် ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ)

ကမ္ဘာ့ပိုလီယိုနေ့ အထိမ်းအမှတ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ရန်ကုန်မြို့၊ ကန်တော်ကြီးဥယျာဉ်၌ ယနေ့ နံနက် ၆ နာရီတွင် ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။