12
Wed, Dec
661 New Articles

 

ရန်ကုန် ၊ မေ ၃၀ ရက်(ဆင်ဟွာ)

မြန်မာ့ စပါးအုံး ခေါ် ဝမ်းမစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် ပြိုင်ဘက် ကစားသမား ဖြစ်သူ Ken Hasegawa ၏  အားသာချက် ၊ အားနည်းချက်များကို လေ့လာထားပြီး ဖြစ်ကြောင်း ယနေ့ မေ ၃၀ ရက်တွင် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာရှ ယူ-၁၉ အမျိုးသမီး ဘောလုံးချန်ပီယံရှစ်ပြိုင်ပွဲ ပထမအဆင့် အုပ်စု ပွဲစဉ်များ အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင် ယူ-၁၆ အမျိုးသမီးဘောလုံးအသင်းယှဉ်ပြိုင်ကစားရမည့် အာရှယူ-၁၆ ခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်များအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ မေ ၂၄ ရက်(ဆင်ဟွာ)

မြန်မာ့ စပါးအုံး ခေါ် ၀မ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ အောင်လအန်ဆန်သည် ၀မ်းမစ်ဒယ် ၀ိတ်တန်း ကမ္ဘာ့ ချန်ပီယံ ခါးပတ်ကို ဆက်လက် ကာကွယ်ရေး အတွက် ဂျပန် နိုင်ငံမှ KEN HASEGAWA နှင့် ဇွန်လ ၂၉ ရက်တွင် ရန်ကုန်မြို့ ၌ ကျင်းပမည့် “ONE SPIRIT OF A WARRIOR” ပြိုင်ပွဲတွင် ယှဉ်ပြိုင် ထိုးသတ်ကြမည် ဖြစ်ကြောင်း ယနေ့ မေ ၂၄ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး တွင် အမှန်တကယ်လိုအပ်သည့် အားကစားကွင်းတစ်ကွင်းကိုသာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရေးနှစ်တွင် အဆင့်မြင့်အားကစားကွင်းအဖြစ် တိုးမြှင့်ပေးနိုင်ရန် ဘတ်ဂျက်မှာလည်း ထည့်သွင်းလျာထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင် ပြိုင်ပွဲကို မေ ၂ရက်နေ့မှ ၉ ရက်နေ့ထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပလျက်ရှိကြောင်း အဆိုပါ ပြိုင်ပွဲမှ သိရသည်။

ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင်ယူ-၁၉အသင်းကို ပဏာမဘောလုံးသမား ၃၀ ဦးဖြင့် ဖွဲ့ စည်းလေ့ကျင့်ကာ အာဆီယံယူ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ)

အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်နှင့် ကောင်စီအစည်းအဝေး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်အဖွဲ့ တက်ရောက် ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ)

ဘရူနိုင်း နိုင်ငံတွင် ကျင်းပနေသည့် ဘရူနိုင်းဘုရင့်ဖလားဘောလုံး ပြိုင်ပွဲတွင်  မြန်မာယူ၂၁အသင်း ဆီမီးဖိုင်နယ်သို့  တက်လှမ်းသွားပြီဖြစ်ပြီး  ယနေ့ ညနေ ၆း၄၅ နာရီတွင် ကမ္ဘောဒီးယားအသင်းနှင့် ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ)

အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက် ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် မြန်မာနေရှင်နယ်လိဂ် ညွှန့်ပေါင်းလက်ရွေးစင် MNL All Star ဘောလုံးအသင်းလူစာရင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ  ယနေ့ ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။