12
Wed, Dec
661 New Articles
ရန်ကုန် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)
ထိုင်း နှင့် စကာင်္ပူ နိုင်ငံများ၌ မေလ အတွင်း ကျင်းပမည့် ထိုင်းတံခွန်စိုက် ပြေးခုန်ပစ် ပြိုင်ပွဲ နှင့် အရှေ့ တောင် အာရှ တာဝေး ဖိတ်ခေါ် စက်ဘီးပြိုင်ပွဲများသို့ မြန်မာ အားကစား အဖွဲ့ ဝင်များ သွားရောက် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း အားကစား နှင့် ကာယ ပညာ ဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
၂ဝ၁၈ အာဆီယံအမျိုးသမီးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင် မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းသည် ပြိုင်ပွဲမတိုင်မီ ပြည်တွင်း၊ ပြည်ပခြေစမ်းပွဲ များ ဆက်တိုက်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
AFC Cup 2018 (အာရှဘောလုံးအဖွဲ့ချုပ်ဖလား ၂၀၁၈)  ပြိုင်ပွဲ၊ အုပ်စု (ဆ)၏ ပွဲစဉ်တစ်ပွဲဖြစ်သော Yangon United (ရန်ကုန်ယူနိုက်တက်) အသင်းနှင့် အင်ဒိုနီးရှားကလပ် Bali United (ဘာလီယူနိုက်တက်) အသင်းတို့သည် ဧပြီလ ၁၁ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ညနေ ၃း၃၀ အချိန်၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)
မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲတွင် ပွဲစဉ် ၈ ပွဲ အနက် မြန်မာ နှင့် ထိုင်း ပွဲစဉ် သုံးပွဲ ပါဝင် ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
ကမ္ဘာ့ဖလားပွဲမတိုင်မီ ရုရှားနိုင်ငံတွင် ကျင်းပမည့် Football for Friendship လူငယ်ဘောလုံးပြိုင်ပွဲသို့ မြန်မာ အမျိုးသား ဘောလုံးအကယ်ဒမီမှ မင်းခန့်သူ ၀င်ရောက်ဆင်နွဲမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)
၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော် ၌ ဒီဇင်ဘာလ အတွင်း လက်ခံကျင်းပသွားမည် ဖြစ်ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမား ၃၁၀၀ ကျော်ခန့် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ အမျိုးသားဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။ မြန်မာအမျိုးသားဘောလုံးအသင်းသည် အာရှ အားကစားပြိုင်ပွဲတွင် နှစ်ပေါင်း ၂ဝ ကျော်အတွင်း တစ်ကျော့ပြန်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ရလဒ်ကောင်းရယူနိုင်ရန် ပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ ဒုတိယမြောက် AFC Instructor (အာရှဘောလုံးအဖွဲ့ချုပ်နည်းပြ) အဖြစ် ဦးတင်မြင့်အောင် တာဝန်ပေးခံရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)
ဘရူနိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် ဧပြီလ (၂၁)ရက်နေ့မှ မေလ (၆)ရက်နေ့အထိ ကျင်းပမည့် HASSANAL BOLKIAH TROPHY FOR ASEAN YOUTH FOOTBALL TOURNAMENT 2018 ပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် ယူ၂၁ အသင်းသွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။