24
Fri, May
583 New Articles
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) 
လွန်ခဲ့သော(၂၄)နာရီအတွင်းက အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မေ ၂၄ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး ယန္တရားသည် ပြည်သူလူထုအား ဖိနှိပ် ချုပ်ခြယ်သော အုပ်ချုပ်မှု ယန္တရား မဖြစ်စေလိုကြောင်း၊ လွတ်လပ်မှု၊ လုံခြုံမှု၊ ပျော်ရွှင်မှုကို ပေးသော အုပ်ချုပ်ရေး ယန္တရားသာ ဖြစ်စေလို ကြောင်း  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့  နံနက် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ငွေကျပ် ၃၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးရာမှ ငွေကျပ် ၃၈၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။ 
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ ခုနှစ် အာရှ အမျိုးသမီး ယူ၁၉ ချန်ပီယံရှစ် နောက်ဆုံးအဆင့် ဘောလုံးပွဲစဉ်များ AFC U19 Championship 2019 Thailand တွင်ပါဝင်ယှဉ်ပြိုင်မည့် အသင်းများ အုပ်စုနှင့် ပွဲစဉ်ဇယားထွက်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) 
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ် အလိုက် အခြေခံပညာကျောင်းများအား ကျောင်းအဆင့်တိုးမြှင့်ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း၊  အဆင့်တိုးသည့် ကျောင်းပေါင်း ၂၅၂ ကျောင်းရှိမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ မေ ၂၄ ရက်(ဆင်ဟွာ)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees - UNHCR) တို့အကြား မေ ၂၃ ရက်တွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ မေ ၂၃ ရက်(ဆင်ဟွာ)
ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမှုများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး Mrs. Suphatra Srimaitreephithakတို့ တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။
နေပြည်တော်၊ မေ ၂၃ ရက်(ဆင်ဟွာ)
၂၀၁၈ - ၁၉ ဘဏ္ဍာနှစ် ပထမခြောက်လ (အောက်တိုဘာလ မှ မတ်လ)အတွင်း ပို့ ကုန် ပမာဏ အမေရိကန် ဒေါ်လာ ရှစ်ဘီလျံကျော် (ဒေါ်လာ ၈၃၀၆ ဒသမ ၂ သန်း)ဖိုး တင်ပို့ နိုင်ခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ပြည်ထောင်စု လွှတ်တော် ယနေ့  အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မေ ၂၁ ရက်က ကျပ် ၇၁၂၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။