26
Mon, Aug
516 New Articles

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) 

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာနှင့် နောင်ကွဲကျေးရွာအကြား၌ သြဂုတ်လ၁၅ရက် နံနက် ၁၀နာရီခွဲခန့်က ဘုရားဖူးယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်၍ တစ်ဦးသေဆုံး ပြီး ရှစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  တပ်မတော်နည်းပညာ တက္ကသိုလ်၊ ရှမ်းပြည်နယ်အတွင်းရှိ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်များ ယနေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်နှင့် အရပ်သား စုစုပေါင်း ၅ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အပါအ၀င် စစ်ဆေးရေးဂိတ်များအား ယနေ့ (သြဂုတ် ၁၅)ရက် နနက် ၅နာရီခွဲခန့်က လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် တပ်မတော်နှင့် တပ်မတော်နှင့် AA ၊ TNLA ၊ MNDAA ပူးပေါင်းအဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားကာ အကျအရှုံးများဖြစ်ပေါ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တည်ဆောက် ထိန်းသိမ်းထားသည့် ရေလှောင်တမံများအနက် တိုင်းဒေသကြီး၊ ပြည်နယ်အချို့ရှိ ရေလှောင်တမံ ၂၂ ခုတို့တွင် မိုးရွာသွန်းမှုအားကောင်း၍ သတ်မှတ်ကန်ရေပြည့်မှတ်ထက် ကျော်လွန်ကာ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိကြောင်း သိရသည်။ 

နေပြည်တော်၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

 

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံး အပါအ၀င် မိတ္ထီလာ အမတ် ဒေါက်တာ မောင်သင်း တင်သွင်းလာသည့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ကြမ်းအား ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဆက်လက် ဆောင်ရွက်မည့် ဥပဒေ မူကြမ်း ရေးဆွဲရေး လုပ်ငန်းစဉ်များတွင် တစ်ပေါင်းတည်း ထည့်သွင်း စီစဉ် ဆောင်ရွက်သင့် ကြောင်း ပူးပေါင်းကော်မတီက ယနေ့  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့  အစီရင်ခံစာ တင်သွင်းခဲ့သည်။

 

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင် တပ်မတော်နည်းပညာ တက္ကသိုလ်(DSTA)အပါအ၀င် ရှမ်းပြည်နယ်အတွင်းရှိ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်များ ယနေ့ (သြဂုတ် ၁၅ ရက်) နံနက်အစောပိုင်းမှစတင်ပြီး တိုက်ခိုက်ခံခဲ့ရကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး၏ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ဆင်ဟွာသို့ အတည်ပြုပြောကြားသည်။

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) 

ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပေးထားချိန်တွင် ထာဝရငြိမ်းချမ်းရေးအတွက် အချိန်မဆိုင်းဘဲ ထိထိရောက်ရောက်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြရေး အသိပေးချက် အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ 

 

ရန်ကုန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

Miss Myanmar International 2019 Grand Final ပြိုင်ပွဲအား ယနေ့ သြဂုတ် ၁၄ ရက်တွင် ရန်ကုန်မြို့ ၌ ကျင်းပခဲ့ရာ အလှမယ် သရဖူ Winner ဆုအား ခါးနံပါတ် (၅)အလှမယ်  ခင်ဥမ္မာမြင့်က ရရှိသွားခဲ့သည်။

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) 

စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့တွင် မဒေါက် မြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေသည့်အတွက် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့အကြံပြုချက်ထုတ်ပြန်ခဲ့သည်။