24
Fri, May
584 New Articles

ရန်ကုန် ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်ရှိ အပေါက်ဝ ကျေးရွာ၌ ကုလားတန်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်း တစ်လျှောက်ရှိ နေအိမ် ၁၂ လုံး ပြိုကျ ပျက်စီးခဲ့ရာ ကမ်းပြိုကျခဲ့သည့် နေအိမ်များမှ အိမ်ထောင်စုများ နှင့် ထပ်မံ ပြိုကျနိုင်သည့် မြစ်ကမ်းစပ်ရှိနေအိမ်များမှ အိမ်ထောင်စုများအား ဘေးလွှတ်ရာသို့ ရွှေ့ ပြောင်း ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ၁၉၁၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော နိုင်ငံတော်က ပိုင်ဆိုင် သည့် နန်းမြိုင် ဟိုတယ်၏ ရာပြည့်ပွဲတော်ကို မတ်လ(၁)ရက်နေ့ မှ ဧပြီလ ၃၀ ရက်အထိ နှစ်လတိုင် ကျင်းပသွားမည်ဟု အဆိုပါ ဟိုတယ်အား နှစ်ရှည် ငှားရမ်းလုပ်ကိုင်လျက်ရှိသော National Trading ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဌေးအောင်က ယနေ့  သတင်းစာ ရှင်းလင်း ပွဲတွင် ပြောခဲ့သည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ၊ ခရိုင် ၇ ခု၌ ဂျုံသီးနှံ စိုက်ပျိုး ရာသီ အတွင်း ယခု ဘဏ္ဍာနှစ် ဇန်န၀ါရီလကုန် အထိ ဂျုံသီးနှံ ၁၁၉,၂၆၈ ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်မည့် အဆောက်အအုံ ပြင်ဆင်မှု လုပ်ငန်းကို အမျိုးသား စာကြည့်တိုက်(ရန်ကုန်) အကြီးစား ပြင်ဆင်မှုလုပ်ငန်းအဖြစ် ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် လုပ်ငန်းများ စတင်ခဲ့ပြီး လာမည့် ဘဏ္ဍာနှစ်ကုန်တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်း ဆောင်ရွက် လျက်ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ အမှတ် (၁၇၂)ရှိ ကတ်ထူစက္ကူစက်ရုံ ယနေ့ ညနေ ၄နာရီ ၁၅မိနစ်တွင် မီးစတင်လောင်ကျွမ်းရာ မီးများကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယနေ့ နေလည်  ၃နာရီ ၁၂မိနစ်ကျော်တွင် အင်အားရစ်(ခ်)တာစကေး ၄.၀အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် ရာဇသင်္ကြန်လမ်း၌ ဖေဖော်ဝါရီ ၃ရက် ည ၁၂ နာရီ အချိန်က နေအိမ်(၆)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ကျပ် ၂၉သိန်းကျော် ဖိုး ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံ စက်မှုဇုန်အတွင်းရှိ ကနောင်မင်းသားကြီးလမ်း၌ ဖေဖော်ဝါရီ ၃ ရက်နေ့က ဖွင့်လှစ်လိုက်သော ဒုတိယမြောက် ပုဂ္ဂလိကဆေးဝါးစက်ရုံသစ်၌ အမေရိကန် ဒေါ်လာ ၁၀သန်း ရင်းနှီးမြှုပ်နှံထားကြောင်း စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောကြားသည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏ ရန်ကုန်တိုင်းဒေသကြီး အဋ္ဌမ အကြိမ် တိုင်း ခရိုင် မြို့ နယ် အလုပ် အမှုဆောင် အဖွဲ့ များ စုံညီ တွေ့ ဆုံပွဲ အခမ်းအနားအား ယနေ့ ဖေဖော်ဝါရီ ၃ ရက်တွင် ရန်ကုန်မြို့ ရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC)၌ ကျင်းပခဲ့သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း'နှင့် ပတ်သက်၍ အကြံပြုချက်များအားဖိတ်ခေါ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။