24
Fri, May
583 New Articles

နေပြည်တော်၊ မေ ၁၆ ရက်(ဆင်ဟွာ)

မြန်မာအမျိုးသား လေကြောင်း(Myanmar National Airlines) မှ ထူးချွန်စွာ တာဝန် ထမ်းဆောင်ခဲ့ကြ သော လေယာဉ်မှူးကြီးနှင့် လေယာဉ် အဖွဲ့ သားများအား နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဂုဏ်ပြုလွှာ များ ချီးမြှင့်သည့် အခမ်းအနားကို နေပြည်တော် Horizon Lake View Resort Hotel တွင် ယနေ့ ကျင်းပခဲ့ရာ ပြည်ထောင်စု အစိုးရ အဖွဲ့ ရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးမင်းသူ အပါအ၀င် ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ ၀န်ကြီးများနှင့် အရာရှိ ကြီးများ တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။

ရန်ကုန် ၊ မေ ၁၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ပြည်တွင်း/ပြည်ပ ခရီးသည်များ အများဆုံး သွားလာ အသုံးပြုနေကြသည့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် နှင့် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် တို့ တွင် ယခုလပိုင်း အတွင်း လေယာဉ် အရေးပေါ် မတော်တဆ ဖြစ်စဉ်များ ဖြစ်ပေါ် ကြုံတွေ့ ခဲ့ရသည်။

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

 

မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ပြီး Laparoscopic-Endoscopic Surgery for ASEAN People Project အရမှန်ပြောင်း အသုံးပြုမှု ခွဲစိတ်ကုသမှုပြုလုပ်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)

မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အားမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။ 

နေပြည်တော်၊ မေ ၁၅ ရက်(ဆင်ဟွာ)

တတိယ တစ်နှစ်တာ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန၊ တိုင်းရင်းသား လူမျိုးများ ရေးရာ ၀န်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ တို့ ၏ သတင်းစာ ရှင်းလင်းပွဲကို ပြန်ကြား ရေး ၀န်ကြီးဌာနတွင် ယနေ့  ညနေပိုင်း၌ ပြုလုပ်ခဲ့သည်။

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် တွင်  စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆,၀၀၀ သိန်း)နှင့် ဘိန်းဖြူအလေးချိန် ၂၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မေ၁၅ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာ(၁၀)ရွာမှ လူနေအိမ်နှင့် အဆောက်အအုံများပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)

 

မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်မတော်တဆမှုဖြစ်ပေါ်ရာတွင် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဘေးအန္တရာယ်ကင်းရှင်းစွာ လေယာဉ်ကို ထိန်းချုပ် ဆင်းသက်နိုင်ခဲ့သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နှင့် လေယာဉ် အမှုထမ်းများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)

၂ဝ၁၈ ခုနှစ်တွင် မူးယစ်အမှုပေါင်း ၁၃,ဝ၃၇ မှု၊ တရားခံပေါင်း ၁၈,၆၈၁ ဦးဖမ်းဆီး နိုင်ခဲ့ကြောင်း မူးယစ်ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။

ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့တွင် ငွေကျပ် ၃၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။