26
Mon, Aug
513 New Articles

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇၂,၀၀၀ ပြား အား သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) 

၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း လူကုန်ကူးမှု အမှုပေါင်း ၂၃မှုအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။ 

နေပြည်တော်၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

ခြေ/ ဥ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးမှုကို ယနေ့  ပြည်ထောင်စု လွှတ်တော်၌ ဆက်လက် ပြုလုပ်ခဲ့ရာ ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော်၏ ဂုဏ်သိက္ခာ လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ တို့ နှင့်လျော်ညီစွာ ဆွေးနွေးသွားကြရန် အသိပေး မှာကြားခဲ့သည်။

နေပြည်တော်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးနှင့် လုံလောက်စွာ ရရှိရေးအတွက် နိုင်ငံ၏ အမြင့်ဆုံး လျှပ်စစ် သုံးစွဲမှု ပမာဏထက် နောက်ထပ်အပို ၁၀ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းအထိ ထပ်မံ ထုတ်လုပ် နိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ ထွန်းနိုင်က ယနေ့  ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

ရန်ကုန် ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဆိပ်မူ ကျေးရွာအုပ်စု ၊ ကရင်ချောင်ကျေးရွာ၌ ဇူလိုင် ၃၀ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်အလုံး ၂၀ မှာ မြေစာများ နှင့် အတူ မျောပါပျက်စီးခဲ့သဖြင့် ရေဘေးသင့်ပြည်သူ ၄၅ ဦးအား ယာယီ နေရာများသို့ ပြောင်းရွှေ့ ခဲ့ရကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

လစ်လပ်နေသော စက်မှုဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးနေရာကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ပူးတွဲတာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ယနေ့ (ဇူလိုင် ၃၀ရက်) နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်လိုက်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စေတုတ္တရာမြို့နယ် မုန်းချောင်းတမံမှ ရေကျော်ကျနေ၍ အရေးပေါ် အခြေအနေ အသိပေးကြေညာချက်ထုတ်ပြန်ထားကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှ သိရသည်။ 

နေပြည်တော်၊ ဇူလိုင် ၃၀ရက်(ဆင်ဟွာ)

လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာနသည် ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ် ပထမ ခြောက်လ (ပြီးခဲ့သည့် အောက်တိုဘာလ မှ မတ်လ အထိ) အရ အသုံး ခန့် မှန်းခြေစာရင်းအရ ကျပ် ၁၃၇ ဒသမ ၉၁၅ ဘီလီယံ ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ ထွန်းနိုင်က ယနေ့  ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ရှင်းလင်း ဖြေကြားခဲ့သည်။

နေပြည်တော်၊ ဇူလိုင် ၃၀ရက်(ဆင်ဟွာ)

ကာကွယ်ရေး ၀န်ကြီးဌာနသည် ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ် မူလ ဘတ်ဂျက် လျာထားမှု၏ ၅၃ ဒသမ ၄၄ ရာခိုင်နှုန်းကို ပထမ ခြောက်လအတွင်း သုံးစွဲခဲ့ပြီး ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးဗိုလ်ချုပ် မြင့်နွယ်က ယနေ့  ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ရှင်းလင်း ဖြေကြား ခဲ့သည်။

နေပြည်တော်၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံနှင့် စပ်လျဉ်းပြီးပြည်ထောင်စု လွှတ်တော် ယနေ့  အစည်းအဝေးတွင် လွှတ် တော် ကိုယ်စားလှယ် ၂၁ ဦးတို့ က စတင် ဆွေးနွေးခဲ့ကြသည်။အဖွဲ့ ဝင် ၄၅ ဦးပါ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်နှင့် ဖြည့်စွက်ရန် အချက်ပေါင်း ၃၇၆၅ ချက်တို့ ပါဝင်သည့် အစီရင်ခံစာကို ဇူလိုင်လ ၁၅ ရက်နေ့ တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ရာ ယနေ့  အစည်းအဝေး၌ ထိုအစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ်များက စတင် ဆွေးနွေးကြခြင်းဖြစ်သည်။