18
Thu, Apr
617 New Articles

ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် တန်ခူးလဆန်း ၉ ရက် မဟာသင်္ကြန်ပွဲတော် အကြိုနေ့တွင် မြို့တော်ခမ်းမရှိ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ သည်။

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်၌ ရွေးကောက်တင်မြှောက်ခြင်းခံရသူများ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ၌ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြကြောင်း သိရသည်။

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့ တွင် ကျင်းပမည့် ၄၃ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ အစည်းအဝေးတွင် ပုဂံယဉ်ကျေးမှုဒေသ အား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေး ကို ဆုံးဖြတ်မည်ဖြစ်ရာ မြန်မာနိုင်ငံတွင်ရှိသည့် ကမ္ဘာ့အမွေအနှစ်ကော်မတီဝင် ၂၁ နိုင်ငံဆိုင်ရာ သံရုံးများမှ သံအမတ်များ နှင့် တာဝန်ရှိသူများ၊ အလှူရှင်နိုင်ငံများမှ တာဝန်ရှိသူများအား ပုဂံဒေသအကြောင်း၊ သမိုင်းတန်ဖိုးများအကြောင်း အား ရှင်းလင်းတင်ပြသည့်အခမ်းအနား ကို အမျိုးသားပြတိုက် (ရန်ကုန်) ၌ ယနေ့ ကျင်းပခဲ့သည်။

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ်တွင် ငွေကျပ် ၁,၁၇ဝ သိန်းတန်ဖိုးရှိ ဘိန်းဆီခဲများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် အတွင်း ၂၂ ဘီး တွဲယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကာ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်မှု အရ သိရသည်။

နေပြည်တော်၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

ကရင်ပြည်နယ်အတွင်း ပဋိပက္ခဒေသရှိ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးများအတွက် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်ရေး အပါအ၀င် အခြား ညှိနှိုင်းဆောင်ရွက်မှုများအတွက် သဘောတူခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ပြုလုပ်ခဲ့သော NRPC နှင့် KNU တွေ့ ဆုံ ဆွေးနွေးပွဲအပြီး ညနေပိုင်းတွင် မီဒီယာသို့  ပြောကြားခဲ့သည်။

နေပြည်တော်၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

အဖွဲ့ အစည်းများအနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် မိမိ အဖွဲ အစည်း၏ ရပ်တည်ချက်များ၊ ခံယူချက်များကို လှေနံ ဓားထစ် ဆုပ်ကိုင်ထားတာမျိုး မဟုတ်ဘဲ အပေး အယူ အလျှော့ အတင်း များဖြင့် ဆွေးနွေးဖို့  လိုအပ်ကြောင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာန (NRPC) အဖွဲ့ ဝင် ပြည်ထောင်စု ရှေ့ နေချုပ် ဦးထွန်းထွန်းဦးက ယနေ့ နံနက် ပြောကြားခဲ့သည်။

ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦး (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ငြိမ်း၊ အကြံပေး)၊ ညွှန်ကြားရေးမှူး ဦးသောင်းလွင် (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူး (ယခု ညွှန်ကြားရေးမှူး)နှင့် ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဝင်း တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိ မြို့မရဲစခန်းတွင် ၁၀-၄-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းထုတ်ပြန်သည်။   

ရန်ကုန် ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

သင်္ကြန်ပွဲတော် ဆင်နွှဲရန် ထိုင်းနိုင်ငံမှ နေရပ်ပြန်ဝင်လာသူ မြန်မာလုပ်သား ဦးရေမှာ ဧပြီ ၅ ရက်မှ ၁၀ ရက်အတွင်း ဦးရေ တစ်သိန်းကျော် ခန့်ရှိပြီ ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့အတွင်းရှိ ရဲတပ်ရင်းဌာနချုပ် လိုင်းခန်းများအား ယနေ့ နံနက် အစောပိုင်းက AA လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်၍ တပ်မတော်နှင့် AA လက်နက်ကိုင်တပ်ဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။