15
Thu, Nov
675 New Articles

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့၏ အနောက်တောင်ဘက် (၄၁) မိုင်ခန့်အကွာ၊

နေပြည်တော်မြို့နယ်၊ တပ်ကုန်းမြို့၏ အနောက်ဘက် မိုင် (၁၈)ခန့်အကွာတွင်  မြောက်လတ္တီတွဒ် (၁၉.၆၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၅၂)ဒီဂရီ၊  အနက် (၃၂)ကီလိုမီတာ၌ အင်အားရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများနှင့်တစ်သီးပုဂ္ဂလ များကလစ်လပ် မဲဆန္ဒနယ် ၁၃ နေရာ တွင်ပါဝင် ယှဉ် ပြိုင်ခဲ့သည့် အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၇ နေရာ ၊ ပြည်ထောင်စု

ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ၃ နေရာ ၊ တိုင်းရင်းသားပါတီများမှ ၂ နေရာ၊ တစ်သီးပုဂ္ဂလ  ၁ နေရာ အနိုင်ရရှိခဲ့ကြောင်းသိရသည်။

 ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

နိုဝင်ဘာ (၈)ရက်နေ့မှ (၁၃)ရက်နေ့အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Women’s Olympic Football Tournament Asian Qualifier (Round-1) ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည်အဖွင့်ပွဲစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးဘောလုံး အသင်း နှင့် နိုဝင်ဘာလ ၈ရက်နေ့ ညနေ ၆နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

 

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က ပြည်သူ့ လွှတ်တော် ၊အမျိုးသားလွှတ်တော်ကိုယ်စား လှယ် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက် ခံရသူများ အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ယနေ့ကြေညာချက်ထုတ်ပြန်သည်။

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

၂၀၂၀ အိုလံပစ်၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့် အုပ်စု(ဂ) အုပ်စုပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) 

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးသည် ယနေ့ ကျင်းပသော ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ မဲရုံအမှတ်(၃)၌ ဆန္ဒမဲလာရောက်ပေးခဲ့သည်။

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့၌ ရွှေဆိုင်တစ်ဆိုင်အား လုယက်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁ဝ ခုတွင် နွေစပါးဧက ၃၇၅,ဝဝဝ စိုက်ပျိုးရန်လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ရန်ကုန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

လစ်လပ် မဲဆန္ဒနယ် ၁၃ နေရာ အတွက် ကြားဖြတ် ရွေးကောက်ပွဲအား ယနေ့ နိုဝင်ဘာ ၃ ရက် နံနက် ၆ နာရီမှ စတင်၍ သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးတွင် စတင် ကျင်းပလျက် ရှိကြောင်း သိရသည်။

 

ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း  တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းကို တရားဝင်တားမြစ်လိုက်သည့် ဥပဒေထုတ်ပြန်ခြင်းအား ကြိုဆိုသည့် အနေဖြင့် ယနေ့ညနေ ၄ နာရီမှ ည ၁၀နာရီအထိ တောကောင်လေးတို့၏ရင်တွင်းစကားသံပွဲတော်အား မဟာဗန္ဓုလပန်းခြံတွင် ဝင်ကြေးအခမဲ့ ဂီတဖျော်ဖြေပွဲတစ်ခု အဖြစ်ကျင်းပပြုလုပ်လျက်ရှိသည်။