19
Thu, Jan
682 New Articles

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ဂျန်းရှင်းစင်တာဂရု  မှ ကြီးမှူး၍ တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် တတိယအကြိမ်မြောက် ခြင်္သေ့စွမ်းရည်အက နှင့် နဂါးရှည်အကပြိုင်ပွဲကို ယနေ့ ညနေ ၅ နာရီခွဲမှ စတင်ကာ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး အတွင်း လုံခြုံရေး ၊ တရားဥပဒေ စိုးမိုးရေး နှင့် မှုခင်းကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ငွေကျပ် သိန်း ၁၆၀ တန်ဖိုးရှိ စက်ဘီး အစီး (၁၀၀) ၊ ငွေကျပ် သိန်း ၁၃၅ တန်ဖိုးရှိ HYT အထိုင်စက် (၇) လုံး နှင့် လက်ကိုင် စကားပြောစက် (၁၃) လုံး စုစုပေါင်း ငွေကျပ် တန်ဖိုး ၂၉၅ သိန်းရှိ ပစ္စည်းများ ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံသို့ ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံး ခန်းမ(၁) တွင် ပေးအပ် လှူဒါန်းပွဲ တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၊ တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့မှ မြန်မာနိုင်ငံ၏ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ထံမှ သိရှိခဲ့ရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

နယ်စပ် ကုန်သွယ်ရေး စခန်းများ၌ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)ဖြင့် ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၈ လတာ ကာလအတွင်း  ကုန်သွယ်မှု ပမာဏမှာ ယခင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ထက် မြင့်တက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

၂၀၁၆ - ၁၇ ပထမ ခြောက်လပတ်အတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၅ ဘီလျံကျော် ရှိခဲ့ခြင်းကြောင့် ပို့ ကုန် တွန်းအားပေး မဟာဗျူဟာကို လက်တွေ့ ကျကျ ဆောင်ရွက်ရန် ပြည်ထောင်စု လွှတ် တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ၏အကြံပြုချက်ကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးက အတည်ပြုခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

ယခုရက်ပိုင်းအတွင်း မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားခြင်းများကြောင့် လတ်တလော အခြေအနေတွင် အမေရိကန် ဒေါ်လာ ဈေးနှုန်းမှာ ၁၃၈၀ ကျော်မှ ၁၄၀၀ ကျော်အထိ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်လာဈေးကွက် အသိုင်းအ၀ိုင်းမှ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

 Let's go to China အစီအစဉ် အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ အပါအဝင် ၁၅ ရက် ကြာသွားရောက်ရိုက်ကူးမည်ဖြစ်ပြီး၊ ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလမှ စတင်၍ mntv ရုပ်သံလိုင်း နှင့် Channel 9 ရုပ်သံလိုင်းတို့တွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

Sino-Myanmar Seminar 2016 ကို ရန်ကုန်မြို့ရှိဆီဒိုးနားဟိုတယ် တွင် နိုဝင်ဘာ ၂၆ ရက်နေ့ တွင် ကျင်းပ ခဲ့သည်။

နေပြည်တော် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့် အရာရှိ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး လျုံကျန့်မင် (Lui Zhenmin) နှင့် တရုတ်ဗဟိုစစ်ကော်မရှင် ၊ ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူးးGeneral Xu Fenlin ၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးး ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ မှ ဦးဆောင်၍ ဆွေးနွေးပွဲ အားကျင်းပ ပြုလုပ် ခဲ့သည်။

ကလေး ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့နယ်ရှိ သဖန်းအိုင် ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် တရုတ်-မြန်မာ ချစ်ကြည်ရေး စတုတ္ထမြောက်စာသင်ကျောင်းဆောင် ဖွင့်ပွဲ နှင့် ပညာရေး ဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားအား ယနေ့ နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

Page 1 of 4