19
Thu, Jan
682 New Articles

ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု အကြား နားလည်မှု ၊ ချစ်ကြည်ရေး တိုးပွားစေရန် နှင့် နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ဆိုင်ရာ ဖလှယ်မှု ပိုမို နက်ရှိုင်းစေရန် အတွက် ပေကျင်း ဗုဒ္ဓဘာသာ အသင်း မှ မြန်မာ နိုင်ငံ ရှိ ဆရာတော် ဒေါက်တာ ဘဒ္ဒ န္တဆေကိန္ဒ ဦးဆောင်သည့် အဖွဲ့အား တရုတ် နိုင်ငံ သို့လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဖူမှန်လုံ စားသောက်ဆိုင်၌ တရုတ် နိုင်ငံ ခရီးစဉ် နှင့် ပတ်သက်၍ အသိပေး ရှင်းလင်းပွဲ တစ်ရပ် အား ပြုလုပ် ခဲ့ပါသည်။

နေပြည်တော်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ငလျင်ဘေးဒဏ်ကြောင့်ပုဂံဒေသရှိ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံအချို့ ပျက်စီး ဆုံးရှုံးခဲ့မှုအား ပြန်လည်ပြုပြင်ရန် အတွက် ကုန်ကျစရိတ်များကို နိုင်ငံတော် ဘတ်ဂျက်မှ သုံးစွဲံမည် မဟုတ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရ ဦးအောင်ကိုက ယနေ့ ပြောခဲ့သည်။

နေပြည်တော် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ အကြားရှိ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးဖြင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယနေ့ စက်တင်ဘာ ၂၆ ရက်တွင် ပြုလုပ်သော တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ထူထောင်ခြင်း ၆၇ နှစ်မြောက် ဂုဏ်ပြု အခမ်းအနားတွင် ပြောကြားခဲ့သည်။

နေပြည်တော် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၇ နှစ်မြောက် ဂုဏ်ပြု အခမ်းအနားကို မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ နေပြည်တော်ရှိ  မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ (MICC-2) ၌ ယနေ့ စက်တင်ဘာ ၂၆ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

နေပြည်တော် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်သည့် ၆၇ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တရုတ်-မြန်မာ နှစ်နိုင်ငံ ပန်းချီဆရာများ ကွင်းဆင်း ရေးဆွဲထားသော ပန်းချီလက်ရာများ ပထမ အကြိမ် ပြပွဲအား ယနေ့ စက်တင်ဘာ ၂၆ ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ ၂ (MICC 2)၌ ပြသခဲ့သည်။

မန္တလေး၊ စက်တင်ဘာလ ၂၄ ရက် (ဆင်ဟွာ)

"အပြည်ပြည်ဆိုင်ရာ ကွန်ဖြူးရှပ်ကျောင်းနေ့" အထိမ်းအမှတ် အခမ်းအနား ကို ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရှိ ဖူချင့် ကွန်ဖြူးရှပ်စင်တာ၌  ကျင်းပခဲ့သည်။