22
Tue, Jan
659 New Articles

“Our Region Our Song” မြန်မာ-တရုတ် ချစ်ကြည်ရေး သီချင်းဖျော်ဖြေပွဲကို တရုတ်ယဉ်ကျေးမှုစင်တာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ 

"Our Region Our Song "မြန်မာ-တရုတ်ချစ်ကြည်ရေး သီချင်းဖျော်ဖြေပွဲတွင် စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ) Culture

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

“Our Region Our Song ” ၂ဝ၁၈ခုနှစ် မြန်မာ-တရုတ် ချစ်ကြည်ရေး သီချင်းဖျော်ဖြေပွဲကို ယနေ့ ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်မှ အဆိုတော် ၂ ဦး ၊မြန်မာနိုင်ငံမှဇကာတင် အဆိုရှင် ၁၀ ဦး စုစုပေါင်းလူငယ် ၁၂ ဦး တို့ ပါဝင်သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ လူငယ်အဆိုရှင် ၁၀ဦးတွင် ဗမာလူငယ်များ၊ မြန်မာနိုင်ငံဖွား တရုတ်လူငယ်များနှင့်အတူ ရှမ်း၊ကချင်တိုင်းရင်းသားလူငယ်များ ပျော်ရွှင်စွာပါဝင်သီဆိုဖျော်ဖြေခဲ့ကြသည်။ 

"Our Region Our Song "မြန်မာ-တရုတ်ချစ်ကြည်ရေး သီချင်းဖျော်ဖြေပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ဖျော်ဖြေပွဲတွင် တရုတ်-မြန်မာလူငယ်အဆိုရှင်များက နှစ်နိုင်ငံ ဂန္တ၀င်သီချင်းများ ၊ခေတ်ပေါ်သီချင်းများ ကို တစ်လှည့်စီ သီဆိုပြီး နှစ်နိုင်ငံချစ်ကြည်ရေးကို ဂီတဖြင့် ဂုဏ်ပြု ပုံဖော်သီဆိုခဲ့ရာ ပရိသတ်များက လည်း တခဲနက်အားပေးခဲ့ကြသည်။ 

ဖျော်ဖြေပွဲအပြီးတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး၏ဇနီး ဝမ်ရွှဲဟုန်(Wang Xue Hong)က ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

““Our Region Our Song”သီချင်းဆို ဖျော်ဖြေပွဲသည် လျန်ချန်း-မဲခေါင် “တစ်မြစ်တည်းစီး တစ်ရေတည်းသောက် ချစ်ကြည်ရေးသီချင်းဖျော်ဖြေပွဲ”၏ လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း ၊ မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်ကျင်းပခြင်းဖြစ်ကြောင်း နှင့် ယခင်က ဗီယက်နမ်၊ လာအို ၊ကမ္ဘောဒီးယား ၊ မွန်ဂိုရီးယား ၊ ဖိလစ်ပိုင် စသည့် နိုင်ငံများတွင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

ယခုကျင်းပသော “Our Region Our Song ” ၂ဝ၁၈ ခုနှစ် မြန်မာ-တရုတ် ချစ်ကြည်ရေး သီချင်းဖျော်ဖြေပွဲကို China Radio International ၊ China.commyanmar ၊ ရန်ကုန် တရုတ်ယဉ် ကျေးမှုစင်တာ ၊ Guang Xi TV ၊Fuxing Confucius classroom နှင့် အာဆီယံနိုင်ငံအသီးသီးမှ မီဒီယာများ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး China Radio International နှင့် Guang Xi TV စသည့်မီဒီယာများမှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)