23
Tue, Oct
710 New Articles

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ဆွေးနွေးပွဲ ရန်ကုန်မြို့၌ ကျင်းပခဲ့

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ဆွေးနွေးပွဲ ကျင်းပနေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-ယူနန်တက္ကသိုလ် မြန်မာ့အရေးလေ့လာရေးဌာန) Economy

ရန်ကုန် ၊ မေ ၂၉ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ဆွေးနွေးပွဲအား ယူနန်တက္ကသိုလ် မြန်မာ့အရေးလေ့လာရေးဌာနနှင့် မြန်မာနိုင်ငံ ဦးသန့်နေအိမ် (U Thant House) တို့ ပူးပေါင်း စီစဉ်မှုဖြင့် မေ ၂၈ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုဆွေးနွေးပွဲတွင် ယူနန်တက္ကသိုလ် မြန်မာ့အရေးလေ့လာရေး ဌာနမှ ပါမောက္ခ Li Chenyang က “အပြောင်းအလဲကမ္ဘာကြီးထဲက တရုတ်-မြန်မာဆက်ဆံရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ ဦးသန့် နေအိမ်မှ ဒေါက်တာသန့်မြင့်ဦးက “ယနေ့မြန်မာနိုင်ငံနှင့် မြန်မာ-တရုတ် ဆက်ဆံရေး၏ အနာဂတ်” ခေါင်းစဉ်ဖြင့် လည်းကောင်း အဖွင့်မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြကြောင်း သိရသည်။

ယူနန်တက္ကသိုလ် မြန်မာ့အရေးလေ့လာရေး ဌာနမှ ပါမောက္ခ Li Chenyang က ဆွေးနွေးပွဲတွင် ပြောကြားနေစဉ်(ဓာတ်ပုံ-ယူနန်တက္ကသိုလ် မြန်မာ့အရေးလေ့လာရေးဌာန)

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များအား တွေ့ ရစဉ် (ဓာတ်ပုံ-ယူနန်တက္ကသိုလ် မြန်မာ့အရေးလေ့လာရေးဌာန)

ဆွေးနွေးပွဲတွင် အပြန်အလှန်ချိတ်ဆက်မှုနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ၊  စွမ်းအင် ပူးပေါင်း ဆောင်ရွက်ရေး နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ၊ ယဉ်ကျေးမှု၊ ပြည်သူချင်း စိတ်ချင်း ဆက်နွယ်ခြင်း နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ဟူ၍ ခေါင်းစဉ်များ အပေါ် တက်ရောက်သူကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံအတွင်းရှိ အပြန်အလှန်ချိတ်ဆက်ရေး၊ စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး၊ ယဉ်ကျေးမှုကူးလူးဖလှယ်ရေး စသဖြင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးအား ထပ်ဆင့်မြှင့်တင်နိုင်ရေးအတွက် အကြံပြုချက်များကို ဖော်ထုတ်ပြောကြားခဲ့သည်။

ယခုအကြိမ် ဆွေးနွေးပွဲတွင် ထူးခြားချက်များ အနေဖြင့် ပါဝင်ဆွေးနွေးသူများ စုံလင်စွာဖြင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်ရေးအပေါ် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရပ်နယ်ပယ်မှ ကိုယ်စားလှယ်များစွာက ပါဝင် ဆွေးနွေးကြခြင်း ဖြစ်ကြောင်း ၊ ဆွေးနွေး ကြသည့် အကြောင်းအရာ များမှာ များစွာရှေ့တန်းရောက်နေပြီး လေ့လာသည့်နည်းလမ်းနှင့် ရှုထောင့်များ သစ်လွင်ကာ ထင်မြင်ယူဆချက်နှင့် အမြင်များ နက်ရှိုင်းလှကြောင်း သိရသည်။

ထို့ အတူ ဆွေးနွေးပွဲသို့ တက်ရောက် လာသူများမှာ တရုတ်-မြန်မာနှစ်နိုင်ငံမှဖြစ်ကြပြီး မတူသည့် နယ်ပယ်မှ ပုဂ္ဂိုလ်များ ဖြစ်ကြရာ တက်ရောက်လာသူများမှာ ရှုထောင့်စုံမှနေ၍ များပြား တမူ ထူးခြားသည့် သတင်း အချက်အလက်များကို မျှဝေခွင့်ရရှိခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ယူနန် တက္ကသိုလ် ၊ တရုတ် လူမှု သိပ္ပံ အကယ်ဒမီ ၊ ပီကင်း တက္ကသိုလ် ၊ ချင်းဟွာတက္ကသိုလ်၊ ဟိုဟိုင် တက္ကသိုလ် တို့မှ ကိုယ်စားလှယ်များ နှင့်  ဦးသန့်နေအိမ် ၊ မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ Myanmar Economic Association ၊ Tampadipa Institute ၊ Capital Diamond Star Group Ltd. ၊ ပြည်သူ့လွှတ်တော်၊ မဟာဗျူဟာနှင့် မူဝါဒဆိုင်ရာလေ့လာရေး အင်စတီကျု (Institute for Strategy and Policy) ၊ IGE Group ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးကော်မတီ စသဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရပ်နယ်ပယ်မှ ကိုယ်စားလှယ် ၂၁ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)