21
Sat, Sep
538 New Articles

မြန်မာ နိုင်ငံ ရန်ကုန် မြို့ နှင့် တရုတ် နိုင်ငံ ရှမိန် မြို့ အကြား တိုက်ရိုက် ပျံသန်း သည့် လေကြောင်း ခရီးစဉ်သစ် ထပ်မံ ဖွင့်လှစ်

မြန်မာ နိုင်ငံ ရန်ကုန် မြို့ နှင့် တရုတ် နိုင်ငံ ရှမိန် မြို့ အကြား တိုက်ရိုက် ပျံသန်း သည့် လေကြောင်း ခရီးစဉ်သစ် စတင်ပျံသန်းခြင်း ဂုဏ်ပြုပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ) Economy

ရန်ကုန် ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ရန်ကုန် မြို့ နှင့် တရုတ် နိုင်ငံ ရှမိန် မြို့ အကြား တိုက်ရိုက် ပျံသန်း သည့် လေကြောင်း ခရီးစဉ်သစ် စတင်ပျံသန်းခြင်း နှင့် ပတ်သက်၍ ဂုဏ်ပြုပွဲ အခမ်းအနား အား ဇွန်လ ၂၃ ရက် ညပိုင်း တွင် ရန်ကုန်မြို့ Sedona ဟိုတယ် ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား ၌ ရှမိန်လေကြောင်း ဒုတိယ အထွေထွေ မန်နေဂျာ ဟွမ်ကော်ဟွေး (Huang Guohui) မှ နှုတ်ခွန်းဆက် စကား ပြောကြား ရာတွင် ရှမိန်-ရန်ကုန် ခရီးစဉ် က  တရုတ် နိုင်ငံ ဖူကျန့် ပြည်နယ် မှ ရန်ကုန်သို့ တိုက်ရိုက် ပျံသန်းတဲ့ ပထမဦးဆုံး ခရီးစဉ် ဖြစ်ကြောင်း ၊  ရှမိန်လေကြောင်းမှ ပြေးဆွဲသည့် ပထမဦးဆုံး တရုတ်-မြန်မာ ခရီးစဉ်လည်း ဖြစ်ကြောင်း ၊  ရှမိန်လေကြောင်း က ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (ခေတ်သစ်ပိုးလမ်းမကြီး ) ကို တက်ကြွစွာ အကောင်အထည် ဖော် ခဲ့ပြီး တရုတ်မြန်မာ စီးပွားရေး စင်္ကြံတည်ဆောက်ခြင်း နှင့် မြန်မာနိုင်ငံ  ပြုပြင်ပြောင်းလဲ ဖွံ့ဖြိုးမှုကို အားကူပေးခြင်း စသည်တို့အတွက် အရေးပါသည့် လုပ်ဆောင်မှုလည်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Xiamen Airlines ၏ လေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာစဉ် (ဓာတ်ပုံ-- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်)

ရှမိန်လေကြောင်း ဒုတိယ အထွေထွေ မန်နေဂျာ ဟွမ်ကော်ဟွေး (Huang Guohui) မှ နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် မှ အမှာစကား ပြောကြား ရာတွင် ၂၀၁၈ခုနှစ် အောက်တိုဘာလ ၌ မြန်မာနိုင်ငံ မှ တရုတ် ခရီးသွားဧည့်သည်များအား ဆိုက်ရောက် ဗီဇာ ထုတ်ပေးသည် မူဝါဒ ကို ကျင့်သုံးခဲ့သည့် အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပျံသန်းတဲ့ ခရီးစဉ် အရေအတွက် လျင်မြန်စွာ မြင့်တက်လာခဲ့ကြောင်း ၊ လက်ရှိချိန် တွင် တရုတ်-မြန်မာ ၂ နိုင်ငံ ၏ အဓိက မြို့များကို ချိတ်ဆက်သည့် လေကြောင်း ခရီးစဉ် ၁၀ ခုကျော် ရှိနေကြောင်း  ၊ ယခုအချိန်တွင် ရှမိန်-ရန်ကုန် တိုင်ရိုက် ခရီးစဉ် ပျံသန်းခြင်း က လည်း နှစ်နိုင်ငံ ဒေသ ကုန်သွယ်ရေး နှင့် ပြည်သူအကြား ချိတ်ဆက်ခြင်းကို တွန်းအားပေးနိုင်မည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ က ရပ်ဝန်းနှင့် ပိုးလမ်းမ နှင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံကို အတူတည်ဆောက်နေသည့် အတွက် အနာဂတ် တွင် တရုတ်မြန်မာ စီးပွားကုန်သွယ်မှု ဘက်စုံ မြင့်တက်လာမည် ဖြစ်ကြောင်း ၊  နှစ်နိုင်ငံ အရပ်ဘက် လေကြောင်းလုပ်ငန်းမှ မိတ်ဆွေများ ပူးပေါင်းဆောင်ရွက်ပြီး တရုတ်-မြန်မာ လေကြောင်း ပိုးလမ်းမကို အတူဖန်တီးရန် မျှော်လင့်ကြောင့် ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် မှ အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ခရီးသွား လုပ်ငန်း မြှင့်တင်ရေး လုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းမြင့် မှ နှုတ်ခွန်းဆက် စကား ပြောကြားရာ တွင် မြန်မာ နိုင်ငံ အနေဖြင့် တရုတ် ခရီးသွား ဧည့်သည် များ အတွက် ဗီဇာ ကိစ္စရပ် အပြင်ခရီးသည်များ ၀င်ထွက် လွယ်ကူစေရန် အတွက် ဖြေလျော့မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ နှင့် တိုက်ရိုက် လေကြောင်း ပျံသန်းမှု ရှိသည့် တရုတ် နိုင်ငံ ပြည်နယ်ကြီး များတွင်လည်း ခရီးသွား လုပ်ငန်း မြှင့်တင်ရေး ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိကြောင်း ၊ မြန်မာ နိုင်ငံ နှင့် တရုတ် နိုင်ငံ အကြား လေကြောင်းလိုင်းများ တိုးတက်များပြားလာခြင်း သည် နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း အား သိသာထင်ရှားစွာ ဖွံ့ဖြိုးတိုးတက်လာစေခဲ့ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ-တရုတ် ခရီးသွား လုပ်ငန်း မြှင့်တင်ရေး လုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းမြင့် မှ နှုတ်ခွန်းဆက် စကား ပြောကြားနေစဉ်(ဆင်ဟွာ)

Xiamen Airlines ၏ လေယာဉ် ဖြင့် ရန်ကုန်မြို့ သို့ ရောက်ရှိလာသည့် ခရီးသည်များအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်)

Xiamen Airlines ၏ လေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာစဉ် (ဓာတ်ပုံ-- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်)

ရန်ကုန်-ရှမိန် လေကြောင်း ခရီးစဉ် သစ် အား ဇွန်လ ၂၂ ရက် တွင် စတင် ပျံသန်း ခဲ့ပြီး အပတ်စဉ် အင်္ဂါနေ့ နှင့် စနေနေ့ တို့တွင် အသွားအပြန် ပျံသန်းပေးသွားမည် ဖြစ်ကြောင်း ၊  ပျံသန်းချိန် မှာ ၃ နာရီ နှင့် ၅၀ မိနစ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း ၊ ရှမိန် မြို့ မှ ဒေသစံတော်ချိန် ၁၄ နာရီ ၃၀ မိနစ် တွင် စတင် ထွက်ခွာမည် ဖြစ်ပြီး ရန်ကုန်မြို့ သို့ ဒေသစံတော်ချိန် ၁၆ နာရီ ၅၀ မိနစ် တွင် ရောက်ရှိမည် ဖြစ်ကြောင်း ၊ ထို့နောက် ရန်ကုန်မြို့ မှ ဒေသစံတော်ချိန် ၁၇ နာရီ ၅၀ မိနစ် တွင် ပြန်လည် ထွက်ခွာမည် ဖြစ်ပြီး ရှမိန်မြို့ သို့ ၂၃ နာရီ ၅ မိနစ် တွင် ရောက်ရှိမည် ဖြစ်ကြောင်း ၊ ရန်ကုန်-ရှမိန် လေကြောင်း ခရီးစဉ် သစ် ဖွင့်လှစ် နိုင်ခဲ့ခြင်းကြောင့် မြန်မာ နိုင်ငံ မှ ခရီးသွား ဧည့်သည်များ သည် ရှမိန် မြို့ မှ တစ်ဆင့် တရုတ် နိုင်ငံ ရှိ ပြည်နယ် အားလုံး သို့ ထပ်ဆင့် သွားရောက် နိုင်မည် ဖြစ်ပြီး အာရှ အရှေ့မြောက်ပိုင်း ဒေသ ၊ ဥရောပ နှင့် လတ်တင်အမေရိက တို့လည်း ထပ်ဆင့် ပျံသန်းသွား နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)