18
Sun, Aug
553 New Articles

မြန်မာ နိုင်ငံ တွင် ကိုယ်ပိုင် တပ်ဆင် ထုတ်လုပ်သည့် Gold AYA အမျိုးအစား မော်တော်ကား နှင့် Changhe Q 35 ကားမော်ဒယ် အသစ် မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ 

Gold AYA အမျိုးအစား မော်တော်ကား နှင့် Changhe Q 35 ကားမော်ဒယ် အသစ် မိတ်ဆက်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ) Economy

ရန်ကုန် ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ Shining Star Group နှင့် မြန်မာ နိုင်ငံ Royal Ye Htut Moe Kaung International Co.,Ltd တို့ ပူးပေါင်းထူထောင်ထားသည့် Gold AYA Motors International Group Co.,Ltd က တရုတ် နိုင်ငံ BAIC CHANHE နှင့် BAIC DODA အမျိုးအစား ကားများ ကို တင်သွင်း ကာ မြန်မာ တွင် မော်တော်ကား များ အား ကိုယ်ပိုင် တပ်ဆင် ထုတ်လုပ်ခဲ့ပြီး သြဂုတ် ၂ ရက် ညပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ Wyndham Grand ဟိုတယ် ၌ Gold  AYA အမျိုးအစား မော်တော်ကား နှင့် Changhe Q 35 ကားမော်ဒယ် အသစ် တို့ကို မိတ်ဆက် ကြေညာ ပေးခဲ့သည်။

မိတ်ဆက်ပွဲ အခမ်းအနား တွင် Gold AYA Motors International Group Co.,Ltd ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ယန်ယွီ (Mr. Yan Yu) က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင်  Belt and Road Initiative , ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက် (ခေတ်သစ်ပိုးလမ်းမကြီး ) နှင့် ကောင်းမွန်သော မြန်မာနိုင်ငံ ၏ တံခါးဖွင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒ တို့အောက်တွင် မိမိတို့ အနေဖြင့် ၂၀၁၇ ခုနှစ် မှ စတင် ၍ အမေရိကန် ဒေါ်လာ သန်း ၃၀ ခန့် ရင်းနှီးမြှုပ်နှံကာ Gold AYA Motors International Group Co.,Ltd  အား ထူထောင် ခဲ့ကြောင်း ၊ ကုမ္ပဏီ အနေဖြင့် ညှိနှိုင်းဆောင်ရွက်မှု ၊ မျှဝေမှု နှင့် အတူတကွ တည်ဆောက်မှု စသည့် မူဝါဒ အောက်တွင် “BAIC CHANHE” ကားအမျိုးအစား အား မြန်မာ နိုင်ငံ တို့ တင်သွင်း ခဲ့ကြောင်း ၊ မိမိ တို့ အနေဖြင့် ဈေးကွက် ယှဉ်ပြိုင်နိုင်မှု စွမ်းရည် ရှိသော ကား ထုတ်လုပ်မှု ကုမ္ပဏီ တစ်ခု တည်ဆောက်သွားရန် ယုံကြည်မှု ရှိပြီး မြန်မာ နိုင်ငံ သို့ ထုတ်ကုန်သစ် နှင့် နည်းပညာသစ် များ တင်သွင်း ကာ  မြန်မာ နိုင်ငံ ၏ လူမှုဘဝ ရေရှည်  ဖွံ့ဖြိုးတိုးတက်ရေး တွက် အဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Gold AYA Motors International Group Co.,Ltd ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ယန်ယွီ (Mr. Yan Yu) က နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

Gold AYA အမျိုးအစား မော်တော်ကား နှင့် Changhe Q 35 ကားမော်ဒယ် အသစ် မိတ်ဆက်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

Gold AYA အမျိုးအစား မော်တော်ကား နှင့် Changhe Q 35 ကားမော်ဒယ် အသစ် မိတ်ဆက်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

Gold AYA အမျိုးအစား မော်တော်ကား နှင့် Changhe Q 35 ကားမော်ဒယ် အသစ် မိတ်ဆက်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

Gold AYA အမျိုးအစား မော်တော်ကား နှင့် Changhe Q 35 ကားမော်ဒယ် အသစ် မိတ်ဆက်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

Gold AYA အမျိုးအစား မော်တော်ကား နှင့် Changhe Q 35 ကားမော်ဒယ် အသစ် မိတ်ဆက်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

Changhe Q 35 ကားမော်ဒယ် အသစ် က engine displacement အနေဖြင့် 1.5L ဖြစ်ပြီး Auto-gear ကားအမျိုးအစား ဖြစ်ကြောင်း ၊ Maximun Torque အနေဖြင့် 142 N.m ဖြစ်ပြီး အမြင့်ဆုံး အရှိန် 160 km/h မောင်းနှင်နိုင်ကြောင်း ၊ ကား တစ်စီးလုံး ၏ အလေးချိန် မှာ ၁၃ တန် ဖြစ်ပြီး ဆီစားနှုန်းမှာ 100 km လျှင် 8 Liters ကုန်ဆုံးသော ဇိမ်ခံကား အမျိုးအစား ဖြစ်ကြောင်း သိရှိရသည်။

Gold AYA Motors International Group Co.,Ltd ၏ ကား ထုတ်လုပ်သည့် စက်ရုံ က မန္တလေး တိုင်းဒေသကြီး မြို့သာ စက်မှု ဥယျာဉ် တွင်  တည်ရှိပြီး မြေဧရိယာ ၂၀.၁ ဧက ကျယ်ဝန်းကြောင်း ၊ လက်ရှိချိန် တွင် စက်ရုံ ၌ မော်တော်ကား အမျိုးအစားကြီး ၇ မျိုး မှ မော်ဒယ်ပေါင်း ၁၀ မျိုး တို့အား ထုတ်လုပ်သွားရန် စီစဉ်ထားပြီး နှစ်စဉ် ကားအစင်းရေ ၅,၀၀၀ ကျော် ထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း ၊ လက်ရှိချိန်တွင် စက်ရုံ ဝန်ထမ်း စုစုပေါင်း ၏ ၈၂ ရာခိုင်နှုန်းအား မြန်မာ နိုင်ငံ မှ ဝန်ထမ်းများအား ခန့်အပ်ထားခဲ့ကြောင်း ၊ Changhe Q 35 အမျိုးအစား ကား က ယခုနှစ် ဇူလိုင်လ တွင် Gold AYA ကုမ္ပဏီ မှ မြန်မာ နိုင်ငံ ၌  ပထမ ဦးဆုံး ကိုယ်ပိုင် ထုတ်လုပ်နိုင်ခဲ့သည့် ကား အမျိုးအစား ဖြစ်ကြောင်း သိရှိရသည်။(Xinhua)