22
Thu, Aug
523 New Articles
ရန်ကုန် ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ Shining Star Group နှင့် မြန်မာ နိုင်ငံ Royal Ye Htut Moe Kaung International Co.,Ltd တို့ ပူးပေါင်းထူထောင်ထားသည့် Gold AYA Motors International Group Co.,Ltd က တရုတ် နိုင်ငံ BAIC CHANHE နှင့် BAIC DODA အမျိုးအစား ကားများ ကို တင်သွင်း ကာ မြန်မာ တွင် မော်တော်ကား များ အား ကိုယ်ပိုင် တပ်ဆင် ထုတ်လုပ်ခဲ့ပြီး သြဂုတ် ၂ ရက် ညပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ Wyndham Grand ဟိုတယ် ၌ Gold  AYA အမျိုးအစား မော်တော်ကား နှင့် Changhe Q 35 ကားမော်ဒယ် အသစ် တို့ကို မိတ်ဆက် ကြေညာ ပေးခဲ့သည်။
ရန်ကုန် ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
မြန်မာ နိုင်ငံ ရန်ကုန် မြို့ နှင့် တရုတ် နိုင်ငံ ရှမိန် မြို့ အကြား တိုက်ရိုက် ပျံသန်း သည့် လေကြောင်း ခရီးစဉ်သစ် စတင်ပျံသန်းခြင်း နှင့် ပတ်သက်၍ ဂုဏ်ပြုပွဲ အခမ်းအနား အား ဇွန်လ ၂၃ ရက် ညပိုင်း တွင် ရန်ကုန်မြို့ Sedona ဟိုတယ် ၌ ကျင်းပ ပြုလုပ် ခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
တရုတ်နှင့် မြန်မာနှစ်နိုင်ငံကြား ပြေးဆွဲနေသော ကိုးခုမြောက် ခရီးစဉ်သစ်တစ်ခုဖြစ်သည့် China Eastern Airlines ၏ ရှန်ဟိုင်း - ရန်ကုန် -ရှန်ဟိုင်း တိုက်ရိုက် ခရီးစဉ်သစ်ကို ဇွန်လ ၁၈ ရက်နေ့  က  စတင်ပျံသန်းပြေးဆွဲနေပြီဖြစ်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မေ ၂၉ ရက် (ဆင်ဟွာ)
မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အား တွန်းအားပေး နိုင်စေရန် အတွက် မေလ ၂၉ ရက် ညပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ Sky City ဟိုတယ် တွင် Chinese Documentary Media Industry Group (CDMIG) နှင့် ရွှေသံလွင် ကုမ္ပဏီ တို့ က နားလည်မှု စာချွန်လွှာ တစ်ရပ် အား လက်မှတ်ရေးထိုး ခဲ့ကြသည်။
ရန်ကုန် ၊ မေ ၂၄ ရက်(ဆင်ဟွာ)
Huawei နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ လက်တွဲ၍  ပွင့်လင်းမြင်သာစွာပူးပေါင်းကာ အပြန်အလှန်အကျိုးပြုနိုင်သည့် ဂေဟစနစ်တစ်ခု တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံအဆောက်အဦးတွင်းကွန်ရက်များဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး  ဆွေးနွေးပွဲ ၂၀၁၉ ကို ယနေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
ရန်ကုန် ၊ မေ ၂၄ ရက်(ဆင်ဟွာ)
ရန်ကုန် ၊ မေ ၂၀ ရက် (ဆင်ဟွာ)
မြန်မာ-တရုတ် ကုန်သည်ကြီးများ အသင်း (Myanmar-China Business Association-MCBA) ဖွင့်ပွဲ အခမ်းအနား ကို မေလ ၂၀ ရက် ညပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး အိမ်တော် တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး တရားဝင် စတင်ဖွင့်လှစ်ပေး ခဲ့သည်။
သထုံ ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)
မွန်ပြည်နယ် အတွက် သာမက နိုင်ငံတော် ဓာတ်အား စနစ် အတွက် အထောက်အကူ ဖြစ်စေမည့် သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေသုံး ဓာတ်အားပေး စက်ရုံ လည်ပတ်မှုအား ယနေ့ စတင် ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။
သထုံ ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)
မွန်ပြည်နယ် ၊ သထုံမြို့ ရှိ ၁၁၈.၉ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့ သုံး ဓာတ်အားပေး စက်ရုံအား ယနေ့ ဧပြီ ၅ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ)
ရန်ကုန်မြစ်ဝမှ ရေမိုင် ၂၀ ခန့် ကွာဝေးသည့် ကမ်းလွန် ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြ အဆောက်အအုံ (Offshore Fixed Pilot Station) ဖွင့်လှစ်ခြင်း နှင့် လွှဲပြောင်း လက်ခံခြင်း အခမ်းအနားကို ယနေ့ မတ် ၃၀ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ် ခဲ့သည်။ 
Page 1 of 4