19
Mon, Nov
668 New Articles

ရန်ကုန် ၊ မေ ၁၈ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အား တိုးချဲ့မြှင့်တင် နိုင်ရန် အတွက် တရုတ် နိုင်ငံ ပေကျင်းမြို့ တွင် ကျင်းပ ပြုလုပ်မည့် ပဉ္စမ အကြိမ်မြောက် နိုင်ငံတကာ ကုန်စည်ပြပွဲ သို့ မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း ကုမ္ပဏီ နှင့် ဟိုတယ် များ မှ သွားရောက် ပါဝင် ခင်းကျင်း ပြသ သွားမည် ဖြစ်ကြောင်း မေလ ၁၈ ရက်နေ့ ၌ ကျင်းပ ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ မှ သိရှိခဲ့ရသည်။

ရန်ကုန် ၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ တွင် ထုတ်လုပ်သည့် အရည်အသွေးမြင့် ပစ္စည်းများ လာရောက် ခင်းကျင်း ပြသသော ၂၀၁၈ ခုနှစ် တရုတ်-မြန်မာ(ရန်ကုန်) ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား အား မေလ ၁၇ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ရန်ကုန် မြို့ရှိ Myanmar Event Park(MEP) တွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

ရန်ကုန် ၊ မေ ၁၇ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ နေ စီးပွားရေး လုပ်ငန်းရှင် ပြည်သူများ နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ အတွက် စိတ်ချ ယုံကြည်ရသော စီးပွားရေး လုပ်ငန်း ၀န်ဆောင်မှုများ ဖော်ဆောင်ပေးရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဖွဲ့ စည်း တည်ဆောက်ထားသည့် ရွှေအုတ်ခဲ ဆောက်လုပ်ရေး ကုမ္ပဏီ၏ “SPRING LINE” Business Hotel & Urban Complex Center ဖွင့်လှစ်ခြင်း အခမ်းအနားအား ယနေ့ မေ ၁၇ ရက်တွင် ရန်ကုန်မြို့ ရှိ စီမံကိန်း တည်ရှိရာ နေရာ၌ ကျင်းပခဲ့သည်။

ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

 

တရုတ်နိုင်ငံပေကျင်းမြို့ တွင် ကျင်းပမည့် Myanmar Food Festival (မြန်မာ့အစားအစာပွဲတော်) နှင့် ရွှေအုတ်ခဲ ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက် လုပ်ခဲ့သည့်  Spring Line Project ပြီးမြောက်၍ ဖွင့်လှစ် တော့ သတင်းစာရှင်းလင်းပွဲကို ယနေ့ (မေ ၁၁) တွင် ရန် ကုန်ရှိ Lotte ဟိုတယ်တွင် ကျင်းပခဲ့သည်။

ရန်ကုန် ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ကြီးမှူးကျင်းပ သည့် ပထမ အကြိမ် တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင် များ နှီးနှောဖလှယ်ပွဲ ကို မတ်လ ၂၆ ရက်နေ့ ညပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ် တွင် ကျင်းပ ပြုလုပ်ခဲ့သည်။အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် ဇနီး ဝမ်ရွှဲဟုန် (Ms.Wang Xuehong) ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူးကြီး မစ္စ လီရှောင်ယန် (Ms.Li Xiaoyan) ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီးပွားရေး သံမှူး ရှဲကော်ရှန် (Xie Guoxiang) နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦး ၊ မြန်မာ နိုင်ငံ ကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ၊  မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးစိုးဝင်း ၊ မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်ကြီးများ အသင်း ဥက္ကဋ္ဌ လျိုယင် (Liu Ying) နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ မှ စီးပွားရေး လုပ်ငန်းရှင် များ အခမ်းအနား ကို တက်ရောက် ခဲ့ကြသည်။

ရန်ကုန် ၊ မတ် ၁၉ ရက်(ဆင်ဟွာ)

၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၁၈ အကြို ဈေးကွက် မြှင့်တင်ရေး မိတ်ဆက် ရှင်းလင်း သည့် Promotion Conference အခမ်းအနားအား ယနေ့ မတ် ၁၉ ရက်တွင် ရန်ကုန်မြို့ ရှိ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၌ ကျင်းပခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

၂၀၁၇ခုနှစ် မေလ တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ရပ်ဝန်းတစ်ခု လမ်းတစ်လမ်းဟူ၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်း အဝေးတွင်  

၂၀၁၈ ခုနှစ်မှစ၍ တရုတ်နိုင်ငံ နိုင်ငံတကာကုန်စည်ပြပွဲ (China International Import Expo) ကို ကျင်းပမည်ဖြစ်ကြောင်း၊ ပထမအကြိမ် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်  

ကုန်စည်ပြပွဲ ရှန်ဟိုင်းမြို့ ၌ ၂၀၁၈ ခုနှစ်  နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိကျင်းပမည်ဖြစ်ကြောင်းကြေညာခဲ့သည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

၁၆ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲနှင့် ၁၂ ကြိမ်မြောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပမည် ဖြစ်ကြောင်း ပြန်ကြားဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

Myanmar Sumec Win Win အဝတ်အထည် ကုမ္ပဏီ ၏ ရွှေပြည်သာ အထည်ချုပ်စက်ရုံ ဖွင့်ပွဲ အခမ်းအနား ကို အောက်တိုဘာ ၂၇ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ရွှေပြည်သာ မြို့နယ်တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

ရန်ကုန် ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန တို့မှ အဓိက ပူးပေါင်းဆောင်ရွက်သည့် တရုတ်-မြန်မာ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း အသက်မွေးဝမ်းကြောင်း သင်တန်း ဖွင့်ပွဲ အခမ်းအနား ကို စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းအချိန်တွင် Sport Hotel ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

Page 2 of 2