19
Tue, Feb
641 New Articles

ရန်ကုန် ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ကြီးမှူးကျင်းပ သည့် ပထမ အကြိမ် တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင် များ နှီးနှောဖလှယ်ပွဲ ကို မတ်လ ၂၆ ရက်နေ့ ညပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ် တွင် ကျင်းပ ပြုလုပ်ခဲ့သည်။အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် ဇနီး ဝမ်ရွှဲဟုန် (Ms.Wang Xuehong) ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူးကြီး မစ္စ လီရှောင်ယန် (Ms.Li Xiaoyan) ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီးပွားရေး သံမှူး ရှဲကော်ရှန် (Xie Guoxiang) နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦး ၊ မြန်မာ နိုင်ငံ ကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ၊  မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးစိုးဝင်း ၊ မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်ကြီးများ အသင်း ဥက္ကဋ္ဌ လျိုယင် (Liu Ying) နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ မှ စီးပွားရေး လုပ်ငန်းရှင် များ အခမ်းအနား ကို တက်ရောက် ခဲ့ကြသည်။

ရန်ကုန် ၊ မတ် ၁၉ ရက်(ဆင်ဟွာ)

၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၁၈ အကြို ဈေးကွက် မြှင့်တင်ရေး မိတ်ဆက် ရှင်းလင်း သည့် Promotion Conference အခမ်းအနားအား ယနေ့ မတ် ၁၉ ရက်တွင် ရန်ကုန်မြို့ ရှိ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၌ ကျင်းပခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

၂၀၁၇ခုနှစ် မေလ တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ရပ်ဝန်းတစ်ခု လမ်းတစ်လမ်းဟူ၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်း အဝေးတွင်  

၂၀၁၈ ခုနှစ်မှစ၍ တရုတ်နိုင်ငံ နိုင်ငံတကာကုန်စည်ပြပွဲ (China International Import Expo) ကို ကျင်းပမည်ဖြစ်ကြောင်း၊ ပထမအကြိမ် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်  

ကုန်စည်ပြပွဲ ရှန်ဟိုင်းမြို့ ၌ ၂၀၁၈ ခုနှစ်  နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိကျင်းပမည်ဖြစ်ကြောင်းကြေညာခဲ့သည်။

Page 3 of 3