15
Fri, Dec
618 New Articles

တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ တည်ဆောက်ရန် အတွက် တရုတ် နိုင်ငံခြားရေး ဝန်ကြီး အဆိုပြု

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အား မြင်တွေ့ရစဉ်(ဆင်ဟွာ) Politics

နေပြည်တော် ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က နိုဝင်ဘာ ၁၉ ရက်နေ့၌ မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အတူတကွ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် တရုတ် နိုင်ငံ အနေဖြင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ အား တရုတ် အက္ခရာ တွင် လူသား ဟု အဓိပ္ပါယ် ရသော စာလုံးပုံသဏ္ဍာန် ဖြင့် ထောင့်သုံးထောင့် မှ အထောက်အကူပြုနေသည့် မဟာပူးပေါင်း ဆောင်ရွက်မှု ပုံစံ တည်ဆောက်သွားရန် အကြံပြုကြောင်း ပြောကြား ခဲ့သည်။

ဝမ်ရိ က တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ အား ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် အရေးပါသည့် မိတ်ဆွေ နိုင်ငံ တစ်နိုင်ငံ အဖြစ် သဘောထားပြီး နှစ်နိုင်ငံ အနေဖြင့် အပြန်အလှန် ထောက်ပံ့ကူညီမှုများရှိကာ အနာဂတ် ပူးပေါင်းဆောင်ရွက်မှု အလားအလာ လွန်စွာ ကြီးမားကြောင်း ၊ တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အား ပိုမို ခိုင်မာစေရန် အတွက် ပိုမိုနက်ရှိုင်းစွာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ၏ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်မှု နှင့် လက်တွေ့ လိုအပ်ချက်များအပေါ် မူတည်၍ မြန်မာ နိုင်ငံ နှင့် အတူတကွ တရုတ် နိုင်ငံ ယူနန် မှ နှစ်နိုင်ငံ နယ်စပ် ကို ဖြတ်ကျော်၍ မန္တလေး ၊ မန္တလေး မှ တစ်ဆင့် ရန်ကုန်နှင့် ကျောက်ဖြူ သို့ခွဲထွက် ကာ တရုတ် အက္ခရာ တွင် လူသား ဟု အဓိပ္ပါယ် ရသော စာလုံးပုံသဏ္ဍာန် စီးပွားရေး စင်္ကြံ ကို တည်ဆောက်သွားလိုကြောင်း ၊ ယင်းဖော်ဆောင်မှုသည် လမ်းကြောင်း တစ်လျှောက် အရေးပါသည့် စီမံကိန်းများ အပြန်အလှန် ချိတ်ဆက်မှု ကို ဖြစ်တည်စေပြီး မြန်မာ နိုင်ငံ ဒေသ အသီးသီး ပိုမို ညီမျှစွာ ဖွံ့ဖြိုးတိုးတက်မှု ကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

 

ထို့ပြင် ဝမ်ရိ က တရုတ်-မြန်မာ စီးပွားရေး စင်္ကြ သည် တရုတ်-မြန်မာ အတူတကွ ခေတ်သစ် ပိုးလမ်းမကြီး တည်ဆောက်မှု အတွက် အလားအလာသစ်များကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံ ပညာရှင်များ နှင့် သက်ဆိုင်ရာ ဌာန များမှ ယင်းလမ်းကြောင်း အပေါ်မူတည်၍ သိပ္ပံနည်းကျ ကာ ပိုမိုပြည့်စုံ သည့် လေ့လာစူးစမ်းမှု များ ပြုလုပ်သွားစေလိုကြောင်း ၊ အထူသဖြင့် မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထည့်သွင်း စဉ်းစားသွားရမည် ဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်သော ပူးပေါင်းဆောင်ရွက်မှု ဖြစ်ရန် စီမံဆောင်ရွက်သွားစေလိုကြောင်း ၊ မြန်မာ နိုင်ငံ ၌ အလိုအပ်ဆုံးသော ကဏ္ဍ မှ စတင်၍ မြန်မာ နိုင်ငံ ပြည်သူလူထု အလိုလားဆုံးသော စီမံကိန်းများမှ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှု ဖြစ်တည်ရန် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)