27
Fri, Apr
674 New Articles

မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့ တွေ့ဆုံဆွေးနွေး

မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့ က မတ်လ ၃၁ ရက်နေ့၌ တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ) Politics

ဟနွိုင်း ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့ က မတ်လ ၃၁ ရက်နေ့၌ ဗီယက်နမ် နိုင်ငံ ဟနွိုင်း မြို့တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ဝမ်ရိ က တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ရိုးရာဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေး တည်ရှိပြီး နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အနီးကပ် ဆက်ဆံရေးတည်ရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေး ဆောင်ရွက်သွားလိုပြီး ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု မူဘောင်အောက်တွင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ စသည့် အရေးပါသော စီမံကိန်းကြီး များ ကို အကောင်အထည် ဖော်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ အစိုးရ ၏ တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းမှု ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်မှု နှင့် လူမှုဘဝမြှင့်တင်ရေး ဆောင်ရွက်မှုများတွင် ဆက်လက်၍ တတ်နိုင်သည့် ကူညီဆောင်ရွက်မှုများ ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ မြောက်ပိုင်း ကိစ္စရပ်များကို ကောင်းမွန်စွာ ဖြေရှင်းသွားလိုပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ကို ထိန်းသိမ်းသွားစေလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ က တရုတ် နိုင်ငံ အစိုးရ ၏ နှစ်နိုင်ငံဆက်ဆံရေး အား အလေးထားမှု အပေါ် ကျေးဇူးတင်ရှိကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ကို တိုးတက်ပျံ့ပွားအောင် ဆောင်ရွက်သွားလိုပြီး နှစ်နိုင်ငံချစ်ကြည်ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့်သွားလိုကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ဆက်လက်၍ တက်ကြွစွာ ပူးပေါင်းပါဝင် တည်ဆောက်သွားမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ မြန်မာ နိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး နှင့် ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် ထောက်ခံအားပေးမှု အပေါ် ကျေးဇူးတင်ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းအတွက် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တွင် မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ က ရခိုင်ပြည်နယ် နောက်ဆုံးတိုးတက်မှု အခြေအနေများ နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ ဝမ်ရိ က တရုတ် နိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်အရေး အား မြန်မာ နိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တို့မှ ချစ်ကြည်စွာ ညှိနှိုင်းဖြေရှင်းရမည် ဟု အမြဲယူဆ ခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ကောင်းမွန်သည့် အခြေအနေ ဖြစ်တည်လာရန် အပြုသဘောဆောင်သည့် ဆောင်ရွက်မှုများ ပြုလုပ်ပေးသင့်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)