18
Sun, Nov
675 New Articles

တရုတ် နိုင်ငံ မှ ကူညီထောက်ပံ့သည့် ဇီဝလောင်စာဓာတ်ငွေ့သုံး မီးစက် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပ

တရုတ် နိုင်ငံ မှ ကူညီထောက်ပံ့သည့် ဇီဝလောင်စာဓာတ်ငွေ့သုံး မီးစက် အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်(ဆင်ဟွာ) Politics

ရန်ကုန် ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သိပံ္ပ နှင့် နည်းပညာ ဝန်ကြီးဌာန မှ မြန်မာ နိုင်ငံ အား နည်းပညာ ကူညီထောက်ပံ့သော စီမံကိန်း တစ်ခု ဖြစ်သည့် ဇီဝလောင်စာဓာတ်ငွေ့သုံး မီးစက် သရုပ်ပြ မောင်းနှင်ခြင်း နှင့် လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနား အား သြဂုတ်လ ၃၀ ရက် နံနက်ပိုင်း အချိန်တွင် ဧရာဝတီတိုင်း ၊ ညောင်တုန်း မြို့နယ် ၊ အမြောင် ကျေးရွာ ရှိ ဒို့လယ်သမား ဆန်စက် တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ ပညာရေးဝန်ကြီးဌာန ၊ သုတေသန နှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်မင်းနိုင် ၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ Kunming Dianyan New Energy Technology Development Co.,Ltd ဘုတ်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ရှန့်ချန်းဝမ့် (Mr.Xiang Changwan) ၊ မြန်မာ နိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးတင်ဝင်း နှင့် ဒို့လယ်သမား ဆန်စက် ပိုင်ရှင် ဦးဟန်စိန် တို့က တက်ရောက် ခဲ့ကြသည်။

တရုတ် နိုင်ငံ မှ ကူညီထောက်ပံ့သည့် ဇီဝလောင်စာဓာတ်ငွေ့သုံး မီးစက် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ မှ ကူညီထောက်ပံ့သည့် ဇီဝလောင်စာဓာတ်ငွေ့သုံး မီးစက် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ မှ ကူညီထောက်ပံ့သည့် ဇီဝလောင်စာဓာတ်ငွေ့သုံး မီးစက် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ပညာရေးဝန်ကြီးဌာန ၊ သုတေသန နှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်မင်းနိုင် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

 မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

 Kunming Dianyan New Energy Technology Development Co.,Ltd ဘုတ်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ရှန့်ချန်းဝမ့် (Mr.Xiang Changwan) အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဧရာဝတီတိုင်း ၊ ညောင်တုန်း မြို့နယ် ၊ အမြောင် ကျေးရွာ ရှိ ဒို့လယ်သမား ဆန်စက် ပိုင်ရှင် ဦးဟန်စိန် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ပညာရေးဝန်ကြီးဌာန ၊ သုတေသန နှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်မင်းနိုင် က ဇီဝလောင်စာဓာတ်ငွေ့သုံး မီးစက် နည်းပညာ ကူညီထောက်ပံ့မှု သည် တရုတ် နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အောက်မှ ရရှိခဲ့သည့် သိပ္ပံ နှင့် နည်ပညာ ကူညီထောက်ပံ့မှု အခွင့်အလှမ်းတစ်ခု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ၏ လွန်စွာ ဖွံ့ဖြိုးတိုးတက်ပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု အလွန်နည်းပါးသော Emerging Poly-generation Technology  အား ရရှိနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခု စီမံကိန်း အား အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့သောကြောင့် နှစ်နိုင်ငံချစ်ကြည်ဆက်ဆံရေး နှင့် သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှု အား မြှင့်တင် ပေးနိုင်ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့်လည်း တရုတ် နိုင်ငံ နှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု များကို ပိုမို တိုးချဲ့ဆောင်ရွက်သွားလိုကြောင်း ၊ မြန်မာ နိုင်ငံ တွင် ဇီဝလောင်စာ အရင်းအမြစ် များစွာ တည်ရှိနေပြီး နိုင်ငံတော် အနေဖြင့် ၂၀၃၀ ခုနှစ် တွင် တစ်နိုင်ငံလုံး အတိုင်းအတာ လျှပ်စစ်မီး ရာနှုန်းပြည့် ရရှိနိုင်ရန် မူဝါဒ ချမှတ်ထားသောကြောင့် ယခု စီမံကိန်း က တစ်ထောင့်တစ်နေရာ မှ အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု များအား မြန်မာ နိုင်ငံ သို့ မျှဝေပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း က တရုတ်-မြန်မာ နှစ်နိုင်ငံ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ ဆက်ဆံရေး ၏ အရေးပါသည့် အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် မြန်မာ နိုင်ငံ မှ လူငယ် သိပ္ပံပညာရှင် ၆၉ ဦး က တရုတ် နိုင်ငံ တွင် လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ်နေပြီး လူပေါင်း ၂၀၀ ခန့် က တရုတ် နိုင်ငံ တွင် နည်းပညာ သင်ကြားလေ့လာမှုများ ဆောင်ရွက်နေကြောင်း ၊ စွမ်းအင်သစ် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-မြန်မာ သိပ္ပံ နှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ၏ အရေးပါသည့် အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး လက်ရှိချိန်တွင် နှစ်နိုင်ငံ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ များစွာတည်ရှိနေကြောင်း ၊ နှစ်နိုင်ငံ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ မှ တစ်ဆင့် မြန်မာ နိုင်ငံ ရှိ လျှပ်စစ်မီး လိုအပ်သည့် ဒေသ များအား လျှပ်စစ်မီး ထောက်ပံ့မှု များ ပြုလုပ် နိုင်ခဲ့ပြီး ပြည်သူလူထု ၏ လူနေမှု အဆင့်အတန်း ကိုလည်း မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ၊ ဇီဝလောင်စာဓာတ်ငွေ့သုံး မီးစက် စီမံကိန်း အား ၂၀၁၅ ခုနှစ် တွင် မြန်မာ နိုင်ငံ ၌ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အရေးပါသည့် စံပြ စီမံကိန်း တစ်ခု  ဖြစ်ကြောင်း ၊ ယခု စီမံကိန်း မှ တစ်ဆင့် ဇီဝလောင်စာ အသုံးပြုခြင်း နည်းပညာ အား မြန်မာ နိုင်ငံ တွင် ပိုမိုတွင်ကျယ်စွာ အသုံးပြု နိုင်ရန် ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံ အတူတကွ ခေတ်သစ်ပိုးလမ်းမကြီး နှင့် စီးပွားရေး စင်္ကြံ တည်ဆောက်ရေး အတွက် အထောက်အကူ ဖြစ်စေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မစ္စတာ ရှန့်ချန်းဝမ့် က ဇီဝလောင်စာ သည် လက်ရှိ ကမ္ဘာပေါ်တွင် စတုတ္ထမြောက် ပြန်လည် အသုံးပြု နိုင်သည့် စွမ်းအင် တစ်မျိုး ဖြစ်ပြီး ဇီဝလောင်စာအား ပြန်လည် အသုံးပြုခြင်းဖြင့် အပူဓာတ် နှင့် လျှပ်စစ်မီး တို့ကို ထုတ်လုပ်နိုင်ကြောင်း ၊ ဇီဝလောင်စာ အသုံးပြုခြင်း အားဖြင့် မြေလွှာပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း စသည့် အရေးပါသည့် ဆောင်ရွက်မှုများကိုလည်း ပြုလုပ် နိုင်ကြောင်း ၊ ယနေ့တွင် ဇီဝလောင်စာ ဓာတ်ငွေ့သုံး မီးစက် က မြန်မာ နိုင်ငံ တွင် စတင် မောင်းနှင် နိုင်ခဲ့သည့် အတွက် ယင်းနည်းပညာ မြန်မာ နိုင်ငံ တွင် ဖွံ့ဖြိုးတိုးတက်လာရန် အတွက် စတင်မှတ် တစ်ခု ဖြစ်ကြောင်း ၊ ရှေ့ဆက်၍ Yangon Sino Technology ကုမ္ပဏီ နှင့် ပူးပေါင်း၍ မြန်မာ နိုင်ငံ တွင် အလားတူ မီးစက်များ တည်ဆောက်သွားပြီး မြန်မာ နိုင်ငံ ၏ စွမ်းအင်အရင်းအမြစ် အသုံးပြုခြင်း နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်း အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဒို့လယ်သမား ဆန်စက် ပိုင်ရှင် ဦးဟန်စိန် မှလည်း တရုတ် နိုင်ငံ မှ ကူညီထောက်ပံ့ခဲ့သည့် နည်းပညာ သည် ဆန်စက် လုပ်ငန်းများ နှင့် လိုက်လျောညီထွေမှု ရှိပြီး ဘေးထွက်ဆိုးကျိုး အလွန်နည်းပါးသည့် နည်းပညာ တစ်ရပ် ဖြစ်ကြောင်း ၊ ဆန်စက်လုပ်ငန်းများတွင် ပိုလျှံနေသည့် စပါးခွံများအား ယခု နည်းပညာ အသုံးပြု၍ လျှပ်စစ်မီး ထုတ်လုပ်ပါက များစွာ အကျိုးဖြစ်ထွန်းစေမည် ကို ယုံကြည်ကြောင်း ၊ တရုတ် နိုင်ငံ မှ ယခု ကဲ့သို့ စိတ်ရင်းစေတနာ ကောင်းမွန်စွာဖြင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ အား နည်းပညာ ကူညီထောက်ပံ့မှု ပေးခဲ့သည့် ဇီဝလောင်စာဓာတ်ငွေ့သုံး မီးစက် က ဆန်စက် မှ ထွက်ရှိလာသော စွန့်ပစ် ပစ္စည်း ဖြစ်သည့် စပါးခွံ အား လောင်စာဓာတ်ငွေ့ အဖြစ် သို့ ပြောင်းလဲပြီး လျှပ်စစ်မီး ထုတ်လုပ်သည့် နည်းပညာ တစ်ရပ် ဖြစ်သည်။ အဆိုပါ နည်းပညာ အား Kunming Dianyan New Energy Technology Development Co.,Ltd မှ တာဝန်ယူ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပြီး ၂၀၀ KW လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေး နိုင်သော မီးစက် တစ်ခု ဖြစ်သည်။ အဆိုပါ မီးစက် အနေဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းစေမှု မရှိဘဲ လျှပ်စစ်မီး ထုတ်လုပ်ရာ တွင် အသုံးပြုပြီးသော စပါးခွံ ကိုလည်း ဓာတ်မြေသြဇာ အဖြစ်ပြန်လည် အသုံးပြုနိုင်သည်။ ယင်း မီးစက် အနေဖြင့် ၂၄ နာရီ အဆက်မပြတ် မောင်းနှင်နိုင်ပြီး အချိန် တစ်လကြာ အထိ ရပ်တန့်ခြင်း မရှိဘဲ မောင်းနှင်နိုင်သော မီးစက် တစ်ခု ဖြစ်ကြောင်း သိရှိရသည်။(Xinhua)