တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန သို့ သွား နှင့် ခံတွင်း ဆိုင်ရာ ပစ္စည်း ကိရိယာ လှူဒါန်း

တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန သို့ သွား နှင့် ခံတွင်းဆိုင်ရာ Spectrum CBCT စက် ပေးအပ်လှူဒါန်းပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ) Politics

ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သွား နှင့် ခံတွင်း ဆရာဝန်များ အသင်း နှင့် UEG Medical Group တို့ ပူးပေါင်း ၍ ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန် မြို့ရှိ Sule Shangri-La ဟိုတယ် ၌ မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန သို့ သွား နှင့် ခံတွင်းဆိုင်ရာ Spectrum CBCT အား လှူဒါန်းပေး ခဲ့သည်။

မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း က တရုတ် နိုင်ငံ မှ ယခု ကဲ့သို့ ဆေးပစ္စည်း ကိရိယာ လှူဒါန်းပေးသည့် အတွက် ကျေးဇူး တင်ရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန သို့ မကြာခဏ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပေးခဲ့ပြီး ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ အဆင့်မြှင့်တင်ခြင်း ကိုလည်း ကူညီပံ့ပိုးပေးခဲ့ကြောင်း ၊ ထို့ပြင် နေပြည်တော် တွင် လည်း center for Disease Control အတွက်လည်း ကူညီဆောင်ရွက် ပေးခဲ့သည့် အတွက် ကျေးဇူးတင်ကြောင်း ၊ ယခု လှူဒါန်းခြင်းဟာ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ၏ အကောင်အထည်ဖော်ဆောင်ရွက်မှု တစ်ခု ဖြစ်ကာ မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် ရင်းနှီးမှု အဓွန့်ရှည် မည်ကို မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန သို့ သွား နှင့် ခံတွင်းဆိုင်ရာ Spectrum CBCT စက် ပေးအပ်လှူဒါန်းပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် က လက်ရှိချိန်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ တို့ က ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး နှင့် တရုတ်-မြန်မာ စီးပွားရေး စြင်္က ံ အား အတူတကွ ဆောင်ရွက်နေကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ က စီးပွားရေး နှင့် ကုန်သွ်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှု နှင့် အပြန်အလှန် ဖြည့်စွက်မှု မြင့်မားစွာ တည်ရှိပြီး တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ အပေါ် အများဆုံး ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှု ပြုလုပ်သည့် နိုင်ငံလည်း ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ ကဏ္ဍအသီးသီး တွင် ရင်းနှီးမြှုပ်နှံမှု များ တိုးချဲ့ ဆောင်ရွက်လာပြီး မြန်မာ နိုင်ငံ စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၊ ထို့ပြင် တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ပြည်သူလူထု လူနေမှု အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အလေးထားပြီး စီးပွားရေး နှင့် နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်များအား အလေးထား ဆောင်ရွက် ခဲ့ကြောင်း ၊ ယခု ကျင်းပ ပြုလုပ်သည့် လှူဒါန်းမှု မှ တစ်ဆင့် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေး အား အဓွန့်ရှည်စေလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန သို့ သွား နှင့် ခံတွင်းဆိုင်ရာ Spectrum CBCT စက် ပေးအပ်လှူဒါန်းပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ် နိုင်ငံ သွား နှင့် ခံတွင်း ဆရာဝန်များ အသင်း ဥက္ကဋ္ဌ ယွီကွမ်းရန် (Yu Guangyan) က ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အောက် တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ က ကဏ္ဍအသီးသီး တွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် ခဲ့ပြီး တရုတ် နိုင်ငံ အမျိုးသား ပညာရှင် အဖွဲ့အစည်း တစ်ခု အနေဖြင့် နှစ်နိုင်ငံ အတူတကွ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ယခု ကဲ့သို့ လှူဒါန်းမှု ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ သက်ဆိုင်ရာ အသီးသီး တို့၏ အတူတကွ ပူးပေါင်း ဆောင်ရွက်မှု ဖြင့် ယနေ့ လှူဒါန်းပွဲ ကျင်းပ ပြုလုပ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပါဝင် ဆောင်ရွက်ပေးခဲ့သည့် UEG Medical Group ကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း က လှူဒါန်းပွဲ တွင် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

UEG Medical Group ဥက္ကဋ္ဌ လီမင်းရွှီ (Li Minxu) က တရုတ် နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း နှင့် နှစ်နိုင်ငံ ဆေးဘက်ဆိုင်ရာ လုပ်ငန်း ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု အတွက် ယခု ကဲ့သို့ပါဝင် လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ သွား နှင့် ခံတွင်း ဆရာဝန်များ အသင်း က ကာလတစ်လျှောက် ခေတ်သစ်ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက် နိုင်ငံ များတွင် သွား နှင့် ခံတွင်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နှင့် ဖလှယ်မှုများ ပြုလုပ်ခဲ့ရာ UEG Medical Group အနေဖြင့်လည်း ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ၏ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ဆိုင်ရာ ဆောင်ရွက်မှုများ ကို တက်ကြွစွာ ပူးပေါင်းပါဝင် သွားမည် ဖြစ်ကာ တရုတ်-မြန်မာ သွား နှင့် ခံတွင်း ဆိုင်ရာ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် က လှူဒါန်းပွဲ တွင် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သွား နှင့် ခံတွင်း ဆရာဝန်များ အသင်း ဥက္ကဋ္ဌ ယွီကွမ်းရန် (Yu Guangyan) က လှူဒါန်းပွဲ တွင် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

UEG Medical Group ဥက္ကဋ္ဌ လီမင်းရွှီ (Li Minxu) က လှူဒါန်းပွဲ တွင် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန သို့ သွား နှင့် ခံတွင်းဆိုင်ရာ Spectrum CBCT စက် ပေးအပ်လှူဒါန်းပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန သို့ သွား နှင့် ခံတွင်းဆိုင်ရာ Spectrum CBCT စက် ပေးအပ်လှူဒါန်းပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန သို့ သွား နှင့် ခံတွင်းဆိုင်ရာ Spectrum CBCT စက် ပေးအပ်လှူဒါန်းပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ် နိုင်ငံ သွား နှင့် ခံတွင်း ဆရာဝန်များ အသင်း နှင့် UEG Medical Group တို့ ပူးပေါင်း လှူဒါန်း ခဲ့သည့် သွား နှင့် ခံတွင်းဆိုင်ရာ Spectrum CBCT စက် က တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၃၀,၀၀၀ ရှိကြောင်း ၊ Spectrum CBCT စက် က UEG Medical Group မှ ကိုယ်ပိုင် တီထွင် ထုတ်လုပ် ထားသည့် သွား နှင့် ခံတွင်း ဆိုင်ရာ စက်ဖြစ်ကြောင်း ၊ CBCT စက်အနေဖြင့် တစ်ချိန်တည်းတွင် သွား နှင့် ခံတွင်း ဆိုင်ရာ အချက်အလက် များစွာ ကို စစ်ဆေး နိုင်ပြီး တိကျမှု လွန်စွာ မြင့်မားသည့် စက်အမျိုးအစား ဖြစ်ကြောင်း သိရှိရသည်။(Xinhua)