15
Sun, Sep
495 New Articles

တရုတ်နိုင်ငံ တိဘက် ဒေသ၏ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ ဝင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့တို့ တွေ့ ဆုံ 

တရုတ်နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ ဝင် နှင့် မြန်မာနိုင်ငံ MISISI အဖွဲ့တို့ တွေ့ ဆုံစဉ်(ဆင်ဟွာ) Politics

ရန်ကုန် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ ဝင် ၊ ရစ်ခါကျယ် မြူနီစပယ် ပြည်သူ့  ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ညွှန်ကြားရေးမှူး Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့  နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့(MISIS) ဥက္ကဋ္ဌ ဦးညွှန့် မောင်ရှိန် တို့ သည် ယနေ့ ဇွန် ၁၇ ရက်တွင် ရန်ကုန်မြို့ ရှိ MISIS ရုံး၌ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ ဆုံစဉ် နှစ်ဘက်လုံးက တိဘက် ဒေသ၏ စီးပွားရေး ၊ ယဉ်ကျေးမှု ၊ ခရီးသွား လုပ်ငန်း နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စသည့် တိဘက်ဒေသ အကြောင်း ရှင်းလင်း ပြောကြားခြင်းများ ၊ အပြန်အလှန် သိလိုသည်များအား မေးမြန်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့(MISIS) မှ ဥက္ကဋ္ဌ ဦးညွှန့် မောင်ရှိန် ၊ အတွင်းရေးမှူး ဒေါ်ကေသီစိုး ၊ တွဲဘက် အတွင်းရေးမှူး(၁) ဦးခင်မောင်လင်း အပါအ၀င် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)