22
Mon, Jul
550 New Articles

ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ နှင့် တရုတ်နိုင်ငံ တိဘက် ဒေသ၏ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ ဝင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ ဆုံ

ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ နှင့် တရုတ်နိုင်ငံ တိဘက် ဒေသ၏ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ ဝင်တို့ တွေ့ ဆုံစဉ်(ဆင်ဟွာ) Politics

နေပြည်တော် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ)ဦးထွန်းထွန်းဟိန် နှင့် တရုတ်နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ ဝင် ၊ ရစ်ခါကျယ် မြူနီစပယ် ပြည်သူ့  ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တို့ သည် ယနေ့ ဇွန် ၁၈ ရက်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၌ တွေ့ဆုံခဲ့ကြသည်။

ထိုသို့ တွေ့ ဆုံစဉ် ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ)ဦးထွန်းထွန်းဟိန် နှင့်အတူ ပြည်သူ့ လွှတ်တော် နှင့် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီမှ ကော်မတီ အဖွဲ့ ဝင် ကိုယ်စားလှယ်များ ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့ အတူ တရုတ်နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ ဝင် ၊ ရစ်ခါကျယ် မြူနီစပယ် ပြည်သူ့  ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ သည် ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး အပါအ၀င် အဖွဲ့ဝင်များနှင့် ထပ်မံ တွေ့ ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

တရုတ်နိုင်ငံ တိဘက် ဒေသ၏ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ ဝင် နှင့် ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီတို့ တွေ့ ဆုံစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ ဝင် ၊ ရစ်ခါကျယ် မြူနီစပယ် ပြည်သူ့  ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ  Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ သည် နေပြည်တော် လွှတ်တော်သို့ ရောက်ရှိစဉ် အတွင်း ပြည်သူ့ လွှတ်တော် လွှတ်တော် အစည်းအဝေး ခန်းမသို့ သွားရောက် လေ့လာခဲ့ကြသည်။(Xinhua)