22
Mon, Jul
550 New Articles

ရန်ကုန် ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ဒုတိယ ကမ္ဘာစစ် အတွင်း မြန်မာ နိုင်ငံ ရှိ ဖက်ဆစ် ဂျပန် များအား တိုက်ခိုက်စဉ် အတွင်း ကျဆုံးသွား ခဲ့ကြသည့် တရုတ် အဝေးရောက် စစ်သည် များအား ရည်ရွယ်၍ အသစ် တည်ဆောက်ခဲ့သည့် အထိမ်းအမှတ် ကျောက်တိုင် နှင့် ပြတိုက် အား ဧပြီ ၄ ရက် နေ့လယ်ပိုင်း အချိန် တွင် တောင်ငူ မြို့ ရှိ ဟုတ်ဝမ် ဗုဒ္ဓဘာသာ ဘုရားကျောင်း တွင် ဖွင့်လှစ် ပေးခဲ့သည်။

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မီဒီယာ သည် တရုတ်ဘက်က မြန်မာနိုင်ငံပြည်တွင်း မှာ “Safe Zone’’ ဟူသည်ကို ထူထောင်ရန် သဘောတူသည်ဟူသော သတင်းထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် သိရှိခဲ့ကြောင်း၊ ၎င်းသတင်းထုတ်ပြန်ချက် သည် အခြေအမြစ်လုံးဝ မရှိကြောင်း မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကြေညာချက်ထုတ်ပြန်သည်။

 

ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သွား နှင့် ခံတွင်း ဆရာဝန်များ အသင်း နှင့် UEG Medical Group တို့ ပူးပေါင်း ၍ ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန် မြို့ရှိ Sule Shangri-La ဟိုတယ် ၌ မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန သို့ သွား နှင့် ခံတွင်းဆိုင်ရာ Spectrum CBCT အား လှူဒါန်းပေး ခဲ့သည်။

နေပြည်တော် ၊ ဇန်န၀ါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရ က မြန်မာ နိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရန် အတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ တစ်ရပ် အား ဇန်န၀ါရီ ၂၃ ရက် နံနက်ပိုင်း အချိန် တွင် နေပြည်တော် ရှိ မြန်မာ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန တွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် မှ တစ်ဆင့် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၇.၃၇ သန်း အား ၀န်ကြီးဌာန သို့ လွှဲပြောင်းပေးအပ် ခဲ့သည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ မြန်မာနိုင်ငံ တိုင်းရင်းသား ပြည်သူများ ၊ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ ၊ တရုတ် ကုမ္ပဏီ ဝန်ထမ်းများ ၊တရုတ်နိုင်ငံမှ ပညာတော်သင် ကျောင်းသားကျောင်းသူများ နှင့် တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်လျက် ရှိသည့် နှစ်နိုင်ငံ နယ်ပယ် အသီးသီးမှ မိတ်ဆွေ များကို ယနေ့ ၂၀၁၉ ခုနှစ်၏ နှစ်ဆန်းတစ်ရက်နေ့ လှိုက်လှဲစွာ နှစ်သစ် ဆုမွန်ကောင်းတောင်း စကား ပြောကြားခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက မြန်မာ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒီဇင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ကြိုဆိုကြောင်း ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။

နေပြည်တော်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ ထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ ဖြိုးရေး စီမံကိန်း (UEHRD: _ Union Enterprise for Humanitarian Assistance, Resettlement and Development) အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့  သမ္မတနိုင်ငံသံရုံးက ငွေကျပ် သန်း နှစ်ရာလှူဒါန်းခြင်းကို နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတွင် ပြုလုပ်ခဲ့သည်။

နေပြည်တော်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့  သမ္မတနိုင်ငံ အမျိုးသား ဖွံ့ ဖြိုး တိုးတက်ရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် (NDRC - National Development and Reform Commission) ဒုတိယ ဥက္ကဋ္ဌ Mr. Ning Jizhe နှင့် အဖွဲ့  သည်  ယနေ့ညနေ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးရုံးသို့  လာရောက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံခဲ့သည်။

 

ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ အမျိုးသား ဖွံ့ ဖြိုး တိုးတက်ရေး နှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ H.E. Mr. Ning Jizhe ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့  ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့ သည် ယနေ့ နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ သံတမန်ခန်းမ၌ တွေ့ ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ Sichuan Airlines အပြည်ပြည်ဆိုင်ရာ လေကြောင်း ကုမ္ပဏီ က နိုဝင်ဘာ ၁၃ ရက် တွင် ရှီးအန်း-ရန်ကုန် တိုက်ရိုက် လေကြောင်း ခရီးစဉ် ကို စတင်ပျံသန်း ခဲ့ပြီး ရှီးအန်း မြို့ မှ ရန်ကုန် မြို့ သို့ နံနက်ပိုင်း ၁၀ နာရီ ၅၀ မိနစ် အချိန်ခန့် တွင် လေယာဉ်စတင် ရောက်ရှိလာ ခဲ့သည်။

Page 2 of 5