23
Sun, Sep
677 New Articles

၂၀၁၈ ခုနှစ် နှစ်သစ်ကူး ပွဲတော် တရုတ်-မြန်မာ ပေါက်ဖော် ချစ်ကြည်ရေး အနုပညာ ပဒေသာ ကပွဲ ကျင်းပ 

၂၀၁၈ ခုနှစ် နှစ်သစ်ကူး ပွဲတော် တရုတ်-မြန်မာ ပေါက်ဖော် ချစ်ကြည်ရေး အနုပညာ ပဒေသာ ကပွဲ အပြီး စုပေါင်း မှတ်တမ်းတင် ရိုက်ကူးစဉ်(ဆင်ဟွာ) Social

 

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် နှစ်သစ်ကူး ပွဲတော် တရုတ်-မြန်မာ ပေါက်ဖော် ချစ်ကြည်ရေး အနုပညာ ပဒေသာ ကပွဲအား တရုတ်-မြန်မာ နှစ်နိုင်ငံ အနုပညာရှင်များ ပူးပေါင်း ပါဝင်၍ ယနေ ဖေဖော်ဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့ ရှိ အမျိုးသား ဇာတ်ရုံ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

တရုတ်-မြန်မာ ပေါက်ဖော် ချစ်ကြည်ရေး အနုပညာ ပဒေသာ ကပွဲတွင်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က မြန်မာနိုင်ငံ၌ တရုတ် နှစ်သစ်ကူး နွေဦးပွဲတော်သည် ဒေသခံ တရုတ် နွယ်ဖွားများနှင့် မြန်မာ တိုင်းရင်းသား လူမျိုးအားလုံး အတူနွှဲပျော်ကြသည့် အရေးပါသော ပွဲတော် တစ်ရပ် ဖြစ်ရုံသာမက ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး ဖော်ပြပြီး မြှင့်ပေးသည့် အရေးပါသော စင်မြင့် တစ်ခုလည်း ဖြစ်ကြောင်း အဖွင့် နှုတ်ခွန်းဆက် စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ ပေါက်ဖော် ချစ်ကြည်ရေး အနုပညာ ပဒေသာ ကပွဲတွင်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က အဖွင့် မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

ထို့အတူ နှစ်ဟောင်းကို နှုတ်ဆက်၍ နှစ်သစ်ကို ကြိုဆိုသည့် အခါသမယတွင် ပြီးခဲ့သည့် တစ်နှစ်တာကို ပြန်ပြောင်း သုံးသပ်ကြည့်ပါက တရုတ်-မြန်မာ ဆက်ဆံရေး ပိုမို ခိုင်မာ တိုးတက်လာပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ပြည်သူတို့၏ စိတ်နှလုံးထဲတွင် ပိုမို နက်ရှိုင်း လာသည်ကို ဝမ်းမြောက်ဝမ်းသာစွာ တွေ့မြင်ရကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ကိုယ်စား အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံက ပြောကြားစဉ်(ဆင်ဟွာ)

အနာဂတ်ကို မျှော်မှန်း ကြည့်ရှုပါက တရုတ်-မြန်မာ The Belt and Road အတူတကွ တည်ဆောက်ရေး နှင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ အတူတကွ တည်ဆောက်ရေး တို့သည် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ ဖြိုး တိုးတက်ရေး အတွက် ဦးတည်ချက် ချမှတ်ပေးပြီး နှစ်နိုင်ငံ ပြည်သူများ အတွက် အကျိုးစီးပွား များစွာ ဆောင်ကြဉ်း ပေးလာမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ၏ အနာဂတ် ပိုမို ကောင်းမွန်ပါစေဟု တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် နှစ်သစ်ကူး ပွဲတော် တရုတ်-မြန်မာ ပေါက်ဖော် ချစ်ကြည်ရေး အနုပညာ ပဒေသာ ကပွဲ မြင်ကွင်း(ဆင်ဟွာ)

အခမ်းအနားသို့ တက်ရောက်လာသည့် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ကိုယ်စား အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံက နှစ်သစ် ဆုတောင်း စကားများ ပြောကြားခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား ချစ်ကြည် ရင်းနှီးမှုသည် ရှေးယခင်ကပင် ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး ရှိခဲ့ကြပြီး မျက်မှောက်ခေတ် ကာလတွင်လည်း နှစ်နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်း ဖလှယ်မှုအစီအစဉ်များ အရ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံမှ ဆပ်ကပ် ပညာ ၊ ဂီတ ပညာ ၊ အဆို ပညာ ၊ အက ပညာ ၊ ပန်းချီပန်းပု ပညာ ၊ ဇတ်ခုံ အခမ်းအနား ပညာရပ်များကို သွားရောက် သင်ယူခွင့် ရခဲ့သည့် အတွက်  အထူးပင် ကျေးဇူး တင်ရှိပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံတို့ ၏ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာဖြင့် များစွာသော ပူးပေါင်း ဆောင်ရွက်မှုများလည်း ရှိခဲ့ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ၊ နိုင်ငံသူ/သားများ နှစ်သစ်ကူး အခါသမယတွင် အိမ်နီးချင်း မိတ်ဆွေ နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု ၊ အပြန်အလှန် စာနာ နားလည်မှု ၊ ချစ်ကြည် လေးစားမှု ၊ တစ်ဦးနှင့် တစ်ဦး အလေးထားမှုကို အရှည်သဖြင့် သယ်ဆောင်သွားနိုင်ရန် ဆန္ဒပြု ဆုတောင်းစကားအား အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံက ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် နှစ်သစ်ကူး ပွဲတော် တရုတ်-မြန်မာ ပေါက်ဖော် ချစ်ကြည်ရေး အနုပညာ ပဒေသာ ကပွဲအား မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး ၊ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် တရုတ် နိုင်ငံ ယူနန် ပြည်နယ်   ယဉ်ကျေးမှု ဦးစီးဌာနတို့မှ ကြီးမှုး၍ ပူးတွဲကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပွဲတော်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ အနုပညာရှင်များက  ပျော်ရွှင်ဖွယ်ရာ မိသားစုအက၊ ပခန်းယိမ်း အက၊ ညီမငယ်ရဲ့တောသီချင်းလေးနှင့် အတူ အက၊ ပိုင်လူမျိုး ဆဌဂံ ဗုံအက၊ ဂျွမ်းဘား ကစားမှုများ ၊ မှန်ညောင်သဉ္စာ အက ၊ ကျွမ့်လူမျိုး စက္ကူ မြင်းအက၊ စင်တော်ပြိုင် ရုပ်သေး အက ၊ ဗျပ်စာင်းတီးခြင်းများ ၊ တိုင်လူမျိုးအက၊ ရီလူမျိုး အက၊ မြောင်လူမျိုး အက ၊ ပုသိမ်ထီးယိမ်း အက များဖြင့် တလှည့်စီ ကပြဖျော်ဖြေ တင်ဆက်မှုများ ပြုလုပ်ခဲ့သည်။ပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် နှင့် တာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ သံရုံးများမှ သံတမန်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။(Xinhua)