13
Thu, Dec
677 New Articles

တရုတ်-မြန်မာ ချစ်ကြည်ရေး စာအုပ်ထုတ်ဝေမှု အတွက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး က ကူညီထောက်ပံ့

ရန်ကုန် မြို့ရှိ စာအုပ်တန်း တစ်ခု တွင် စာအုပ်များ ဝယ်ယူရန် လေ့လာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ) Social

ရန်ကုန် ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး ထပ်ဆင့်မြှင့်တင် နိုင်ရန် အတွက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး က "တရုတ်-မြန်မာ ချစ်ကြည်ရေး စာအုပ် ထုတ်ဝေမှု ထောက်ပံ့ရေး စီမံကိန်း" ကို ဖော်ဆောင် ခဲ့ပြီး တရုတ်-မြန်မာချစ်ကြည်ရေးနှင့် စပ်လျဉ်းသည့် မြန်မာဘာသာ ဆောင်းပါး သို့မဟုတ် ဘာသာပြန်ဆောင်းပါးများကို တင်ဒါခေါ်ယူ၍ ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

စာရေးသူ သို့မဟုတ် ဘာသာပြန် သူများ အနေဖြင့် ထောက်ပံ့ငွေ လျှောက်ထားရာတွင် မြန်မာ နိုင်ငံ မှ ပုံနှိပ်ထုတ်ဝေရေး ဌာန နှင့် ချုပ်ဆိုထားသော ထုတ်ဝေရေး စာချုပ် ၊ စာရေးသူ ၏ ကိုယ်ရေး အကျဉ်း ၊ ရေးသားရန် သို့မဟုတ် ဘာသာပြန်ရန် လျာထားသည့် စာအုပ် ၏ အကြောင်းအရာ ၊ ရေးသားခြင်း သို့မဟုတ် ဘာသာပြန်ခြင်းဆိုင်ရာ လုပ်ငန်း တိုးတက်မှု အစီအစဉ် တို့ကို ပေးပို့ရမည် ဖြစ်ပြီး ရေးသားရန် အချိန်ကာလ အားဖြင့် ၆ လ သတ်မှတ်ထားသည်။

ပုံနှိပ် ထုတ်ဝေရေး အဖွဲ့အစည်း မှ ထောက်ပံ့ငွေ လျှောက်ထားရာတွင် ပုံနှိပ်ထုတ်ဝေရေး အစီအစဉ် ၊ စာအုပ်မူကြမ်း ၊ စာရေးသူ သို့မဟုတ် ဘာသာပြန်သူ၏ အကြောင်း မိတ်ဆက် နှင့် ထုတ်ဝေရေး စရိတ် တို့ကို ပေးပို့ရမည် ဖြစ်ပြီး ထုတ်ဝေရန် အချိန်ကာလ အား ၄ လ သတ်မှတ်ထားကြောင်း သိရှိရသည်။

အထက်ဖေါ်ပြပါ အချက်အလက် များကို အမှတ်(၁) ၊ ပြည်ထောင်စုရိပ်သာလမ်း ၊ ရန်ကုန်မြို့ သို့လိပ်မူ၍ သက်ဆိုင်ရာ အချက်အလက်များကို ပေးပို့ လျှောက်ထား နိုင်ပြီး [email protected] ထံသို့လည်း မေလ ၃၁ ရက်နေ့ အထိ မြန်မာဘာသာ သို့မဟုတ် တရုတ် ဘာသာ ဖြင့် ရေးသား ပေးပို့ လျှောက်ထား ကြောင်း သိရှိရသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး အနေဖြင့် မြန်မာ စာလုံးရေ ၁ သိန်းအောက်ရှိ စာအုပ်အတွက် အမေရိကန် ဒေါ်လာ ၁၀၀၀ ၊ မြန်မာ စာလုံးရေ ၁ သိန်း မှ ၄ သိန်း အကြားရှိ စာအုပ်အတွက် အမေရိကန် ဒေါ်လာ ၃၀၀၀ ၊ မြန်မာ စာလုံးရေ ၄ သိန်း နှင့် အထက်ရှိ စာအုပ် အတွက် အမေရိကန် ဒေါ်လာ ၅၀၀၀ ကို ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ထောက်ပံ့မည့် အမည်စာရင်းများ အား ဇွန်လလယ်တွင် ကြေညာ သွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)