20
Sat, Oct
741 New Articles

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ၂၀၁၈ ခုနှစ် တရုတ် ရိုးရာ လမုန့်ပွဲတော် အခမ်းအနား ကျင်းပ

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ကျင်းပ ပြုလုပ်သည့် ၂၀၁၈ ခုနှစ် တရုတ် ရိုးရာ လမုန့်ပွဲတော် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ) Social

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ကျင်းပ ပြုလုပ်သည့် ၂၀၁၈ ခုနှစ် တရုတ် ရိုးရာ လမုန့်ပွဲတော် အခမ်းအနား အား စက်တင်ဘာ ၂၁ ရက် ညပိုင်း အချိန်တွင် ရန်ကုန် မြို့ရှိ Pan Pacific ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ၊ ရန်ကုန် မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုး နှင့် အစိုးရ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ရှိ အသင်းအဖွဲ့များ မှ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှ ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

 မြန်မာ နိုင်ငံ တရုတ် ကုန်သည်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးနီ က နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

 မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ  ကျင်းပ ပြုလုပ်သည့် ၂၀၁၈ ခုနှစ် တရုတ် ရိုးရာ လမုန့်ပွဲတော် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

 မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ  ကျင်းပ ပြုလုပ်သည့် ၂၀၁၈ ခုနှစ် တရုတ် ရိုးရာ လမုန့်ပွဲတော် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှ ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ယခု အကြိမ် သည် တရုတ် နိုင်ငံ သံရုံး မှ မြန်မာ နိုင်ငံ တွင် ပထမ ဆုံး အကြိမ် ကျင်းပ ပြုလုပ် ခဲ့သည့် တရုတ် ရိုးရာ လမုန့်ပွဲတော် ဖြစ်ပြီး အတူတကွ ပါဝင် ဆင်နွှဲ ခဲ့ကြသည့် အတွက် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ကို  ပိုမို ပျံ့လွင့်စေခဲ့ကြောင်း ၊ လက်ရှိ ချိန်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး မှာ ခေတ်ကာလသစ် သို့ ရောက်ရှိ နေပြီး နှစ်နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု နှင့် နှစ်နိုင်ငံ စီးပွားရေး စင်္ကြံ တို့အား အတူတကွ အင်တိုက်အားတိုက် ဖော်ဆောင်နေကြကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် တရုတ် နိုင်ငံ က အဓိက မိတ်ဖက် နိုင်ငံ တစ် နိုင်ငံ ဖြစ်ပြီး မြန်မာ နိုင်ငံ နှင့် ကုန်သွယ်မှု ၊ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဆောင်ရွက်နေသည့် နိုင်ငံ လည်း ဖြစ်ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး မှာလည်း ဆွေးမျိုးပေါက်ဖော် ဆက်ဆံရေး မှ မဟာဗျူဟာမြောက် ဆက်ဆံရေး အထိ ပူးပေါင်းဆောင်ရွက်မှုများ တည်ရှိကြောင်း ၊ မကြာမီ အချိန်တွင် မြန်မာ နိုင်ငံ တွင်လည်း သီတင်းကျွတ် မီးထွန်း ပွဲတော် ကျရောက်တော့မည် ဖြစ်ပြီး အဓိက မိတ်ဖက် နိုင်ငံ ဖြစ်သည့် တရုတ် နိုင်ငံ နှင့် ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ အရ များစွာ တူညီမှုရှိသောကြောင့် နှစ်နိုင်ငံ အနာဂတ် ရှေ့ဆက်သွားမည့် ခရီးလမ်း အတွက် ပိုမို အားကောင်းစေသည့် အချက်များ ဖြစ်စေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ တရုတ် ကုန်သည်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးနီ မှလည်း နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် တရုတ် ရိုးရာ လမုန့်ပွဲတော် နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။ 

ထို့နောက် တွင် တက်ရောက် ခဲ့ကြသည့် ဧည့်သည်တော်များ မှ လမုန့်ပွဲတော် အား စုပေါင်း ဂုဏ်ပြု ခဲ့ကြပြီး တရုတ် ရိုးရာ ယဉ်ကျေးမှု တေးဂီတ နှင့် အက များ ဖြင့် အခမ်းအနား တွင် ဖျော်ဖြေ တင်ဆက်မှု များ ပြုလုပ် ခဲ့သည်။(Xinhua)