23
Tue, Jul
542 New Articles

တရုတ်-မြန်မာ စံပြ ကျေးရွာ စီမံကိန်း အဆင့်မြင့်တင်နိုင်စေရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး သို့ လာရောက် လေ့လာ

တရုတ်-မြန်မာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စံပြ ကျေးရွာ စီမံကိန်း လေ့လာရေး အဖွဲ့ မှ ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာ သို့ သွားရောက်လေ့လာစဉ်(ဆင်ဟွာ) Social

ရန်ကုန် ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စံပြ ကျေးရွာ စီမံကိန်း ၏ တရုတ်ပညာရှင် အဖွဲ့ဝင်များ ၊ မြန်မာ နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် စံပြကျေးရွာ ရွာသူ/ရွာသား များ က စီမံကိန်း အား ဒေသတွင်း အခြေအနေ နှင့် ကိုက်ညီသည့် အဆင့်မြင့်တင်မှု ဆောင်ရွက်နိုင်စေရန် အတွက် ဧပြီလ ၃၀ ရက် နံနက်ပိုင်း အချိန် တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာ နှင့် ၀ဲကြီိးကျေးရွာသို့ သွားရောက်၍ လေ့လာ ခဲ့ကြသည်။

လေ့လာရေး အဖွဲ့ က ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာ နှင့် ၀ဲကြီိးကျေးရွာ တို့တွင် အမှိုက် ကင်းစင်ရေး ဆောင်ရွက်မှုများ နှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် စီမံခန့်ခွဲမှုပိုင်း တို့နှင့် ပတ်သက်၍ သိရှိလိုသည်များ အား မေးမြန်းကာ ကျေးရွာတွင်း လည့်လည် ကြည့်ရှု ခဲ့ကြသည်။

တရုတ်-မြန်မာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စံပြ ကျေးရွာ စီမံကိန်း လေ့လာရေး အဖွဲ့ မှ ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာ သို့ သွားရောက်လေ့လာစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စံပြ ကျေးရွာ စီမံကိန်း ၏ တရုတ်ပညာရှင် အဖွဲ့ခေါင်းဆောင် ရွှီဝင်းလိ ( Xu Wenli) က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ပြန်လည် ဖြေကြားရာတွင် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း က တရုတ် နိုင်ငံ အစိုးရ မှ ကူညီထောက်ပံ့ပေးသည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း တစ်ခု ဖြစ်ကြောင်း ၊ စံပြ ကျေးရွာ ဆောင်ရွက်ရာတွင် အသေးစား အခြေခံအဆောက်အဦ နှင့် အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်း အဆင့်မြင့်တင်ခြင်းစသည် တို့အား အဓိက ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း ၊ ယခုအကြိမ် တွင် စံပြကျေးရွာ မှ ရွာသူ/ရွာသား များနှင့် အတူ ရန်ကုန်တိုင်း ဒေသကြီးရှိ စံပြ ကျေးရွာ များ သို့ လာရောက်လေ့လာခြင်း သည် မြန်မာ နိုင်ငံ ပြည်သူလူထု နှင့် ကိုက်ညီသော ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် စီမံခန့်ခွဲမှု အပိုင်း အား အဆင့် မြှင့်တင် နိုင်စေရန် အတွက် ဖြစ်ကြောင်း ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း သည် ခောတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အောက် မှ ဆောင်ရွက်သည့် နှစ်နိုင်ငံ ပြည်သူလူထု အကြား စိတ်နှလုံးသားခြင်း ချိတ်ဆက်ပေးသော လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှု တစ်ခုဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်-မြန်မာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စံပြ ကျေးရွာ စီမံကိန်း လေ့လာရေး အဖွဲ့ မှ ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာ သို့ သွားရောက်လေ့လာစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စံပြ ကျေးရွာ စီမံကိန်း လေ့လာရေး အဖွဲ့ မှ ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာ သို့ သွားရောက်လေ့လာစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စံပြ ကျေးရွာ စီမံကိန်း လေ့လာရေး အဖွဲ့ မှ ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာ သို့ သွားရောက်လေ့လာစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးချုပ် မှ ညွှန်ကြားရေးမှူး ဦးရဲခေါင် က မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ၏ ရည်ရွယ်ချက် က စီမံကိန်း ပြီးစီးချိန်တွင် ကျေးလပ်ဒေသ ရှိ ရွာသူ/ရွာသား များ မှ အခြေခံအဆောက်အဦ များ ၊ စိုက်ပျိုးရေး နှင့် မွေးမြူရေး ဆိုင်ရာ နည်းပညာများ ပိုင်ဆိုင်နိုင်စေရန် နှင့် ဝင်ငွေ တိုးပွား နိုင်စေရန် အတွက် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် တိုးတက်ကောင်းမွန်ရေး လုပ်ငန်းစဉ် လည်း ပါဝင်သောကြောင့် ရန်ကုန်တိုင်း ဒေသကြီးတွင် အောင်အောင်မြင်မြင် ဆောင်ရွက်နေသည့် ရွာများသို့ လာရောက်လေ့လာခြင်း ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ က ဆင်းရဲနွှမ်းပါးမှုလျှော့ချရေး တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် အတွက် ၄င်းနည်းပညာများကို ရယူခြင်း က မြန်မာ နိုင်ငံ အတွက် များစွာ အကျိုးရှိစေမည် ဟု မျှော်မှန်းကြောင်း ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မှ တစ်ဆင့် နားလည်မှု ပိုမိုရရှိလာစေမည် ဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှု ကိုလည်း တိုးပွားစေမည် ဖြစ်ကြောင်း ၊ ယခု စီမံကိန်း မှ ရရှိသည့် အောင်မြင်မှုများ မှ တစ်ဆင့် အနာဂတ်တွင် မြန်မာ တစ်နိုင်ငံလုံးရှိ ကျေးရွာများတွင် တိုးချဲ့ အကောင်အထည်ဖော်သွားရန် ရည်ရွယ်ထားကြောင်း ပြောကြား ခဲ့သည်။

တရုတ်-မြန်မာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စံပြ ကျေးရွာ စီမံကိန်း အား ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ လ တွင် စတင် အကောင်အထည်ဖော် ခဲ့ခြင်း ဖြစ်ကြောင်း ၊ စံပြ ကျေးရွာ စီမံကိန်း အား နေပြည်တော်  တပ်ကုန်းမြို့နယ် အေးချမ်းသာကျေးရွာ နှင့် လယ်ဝေးမြို့နယ် မင်းပြင်ကျေးရွာ တို့တွင် စတင် အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)