22
Thu, Aug
523 New Articles

ရန်ကုန် ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း (CFPA) ၏ မြန်မာ နိုင်ငံ ရုံးခွဲ ဖွင့်လှစ်ခြင်း (၄) နှစ် ပြည့် နှင့် လွယ်အိတ် ၊ စာရေး ကိရိယာ နှင့် ကျောင်းသုံး ပစ္စည်း မျိုးစုံ ပါဝင်သည့် Panda Pack ပေးအပ် လှူဒါန်းပွဲ အခမ်းအနား အား သြဂုတ်လ ၁၇ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန် မြို့ရှိ Chatrium ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး မြန်မာ နိုင်ငံ ပညာရေး ဝန်ကြီးဌာန သို့ Panda Pack အလုံးရေ တစ်သိန်း အား လွှဲပြောင်းပေးအပ် လှူဒါန်း ခဲ့သည်။

ရန်ကုန် ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ ရှိ သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)အား ပြန်လည် ပြုပြင် မွမ်းမံခြင်း စီမံကိန်း စတင်ခြင်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ သြဂုတ် ၁၁ ရက်တွင် အဆိုပါ အားကစား ပြိုင်ပွဲရုံ(၁)၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် (၁၂) ကြိမ်မြောက် ရန်ကုန် ဒေသ တရုတ် စာပေ ပေါင်းကူးတံတား အထက်တန်း ကျောင်းသား အဆင့် နောက်ဆုံး အဆင့် ပြိုင်ပွဲ အား သြဂုတ်လ ၃ ရက်  နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာ တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ကျောင်းသား/သူ များ က “ တရုတ် စာပေ လက်တွဲ ကာ အနာဂတ် အိပ်မက် တည်ဆောက်စို့ ” ဟူသည့် ခေါင်းစဉ် ဖြင့် ပြိုင်ပွဲ အား ယှဉ်ပြိုင်ခဲ့ကြသည်။

ရန်ကုန် ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့  သမ္မတနိုင်ငံ၏  မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်(Chen Hai)က မြန်မာနိုင်ငံရှိ တရုတ်-မြန်မာ သတင်းမီဒီယာ ဌာန အသီးသီးမှ တာဝန်ရှိသူများနှင့် ယနေ့ ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်မြို့ ရှိ သံအမတ်ကြီး အိမ်တော်တွင် ရင်းရင်းနှီးနှီး မိတ်ဆက် တွေ့ ဆုံခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) က ရန်ကုန်မြို့ ၊ တာမွေ မြို့နယ်ရှိ လူမှုဝန်ထမ်း ဦးစီးဌာန ၊ နားမကြားသော ကလေးများကျောင်း (ရန်ကုန်) ရှိ ကျောင်းသား/သူ (၁၂၂) ဦး အား ကျောင်းဝတ်စုံများ ပေးအပ်လှူဒါန်းပွဲ ကို ဇူလိုင် ၂၆ ရက် နံနက်ပိုင်း အချိန်တွင် အဆိုပါ ကျောင်း ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ချစ်ကြည်ရေး အသင်း အတွင်းရေးမှူး နှင့် အလုပ်အမှုဆောင်များ ၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ကျောင်းအုပ်ဆရာမကြီး ၊ ဆရာ/ဆရာမ နှင့် ကျောင်းသား/သူ တို့ က တက်ရောက် ခဲ့ကြသည်။

နေပြည်တော် ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

YUN TIAN HUA Group မှ ပေးအပ် ချီးမြင့် သည့် ဒုတိယအကြိမ်မြောက် ယွင်ထျန်းဟွာ( Yun TianHua ) ပညာသင်ဆုပေးအပ်ပွဲအခမ်းအနားအားဇူလိုင်လ ၂၃ ရက် နေ့လယ်ပိုင်းအချိန်တွင် နေပြည်တော် ရှိရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး ၂၀၁၉ ခုနှစ် တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၌ ပညာသင်ကြားနေသောထူးချွန် ဘွဲ့ကြိုကျောင်းသား ၂၀ ဦး ၊ မဟာသိပ္ပံကျောင်းသား ၆ ဦး နှင့် ပါရဂူကျောင်းသားသုံးဦးစုစုပေါင်း ၂၉ ဦးအားပညာသင်စုအသီးသီးပေးအပ်ခဲ့သည်။

ရန်ကုန် ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် (၁၂) ကြိမ်မြောက် ရန်ကုန် ဒေသ တရုတ် စာပေ ပေါင်းကူးတံတား အထက်တန်း ကျောင်းသား အဆင့် ပဏာမ ရွေးချယ်ပွဲ အား ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာ တွင် စတင် ကျင်းပ ပြုလုပ်ခဲ့ပြီး ကျောင်းသား/သူ များ က “ တရုတ် စာပေ လက်တွဲ ကာ အနာဂတ် အိပ်မက် တည်ဆောက်စို့ ” ဟူသည့် ခေါင်းစဉ် ဖြင့် ပြိုင်ပွဲ အား ယှဉ်ပြိုင်ခဲ့ကြသည်။

ရန်ကုန် ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ စီးပွားရေး စင်္ကြံအောက်တွင် တရုတ်-မြန်မာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေးပွဲ တစ်ရပ်အား ယနေ့ ဇူလိုင် ၈ ရက်တွင် ရန်ကုန်မြို့ တွင် တရုတ်-မြန်မာ ပညာရှင်များ ပါဝင်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ တရုတ်ဘာသာဧည့်လမ်းညွှန်များတွေ့ဆုံပွဲနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့(ဇူလိုင် ၇ ရက်)တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ 

ရန်ကုန်၊ ဇွန် ၃ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ ခရီးသွား၊ယဉ်ကျေးမှု ဆွေးနွေးမိတ်ဆက်ပွဲကို ယနေ့ (ဇွန် ၃ ရက်) မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပပြုလုပ်ခဲ့ရာ နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားကဏ္ဍ ကျွမ်းကျင်ပညာရှင်များ ၊ ခရီသွားလုပ်ငန်းအေဂျင်စီများ ၊ ခရီးသွားလုပ်ငန်း ဌာနများမှ ကိုယ်စားလှယ် များ၊ဧည့်လမ်းညွှန်များအပါအ၀င် လူ ၁၀၀ ခန့် ပါဝင်တက်ရောက် ဆွေးနွေးမိတ်ဆက်ပြောကြားခဲ့ ကြသည်။