20
Tue, Aug
530 New Articles

 

နေပြည်တော် ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၉ နှစ်မြောက် ဂုဏ်ပြု အခမ်းအနားကို မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ နေပြည်တော်ရှိ  မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ (MICC-2) ၌ ယနေ့ စက်တင်ဘာ ၂၆ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

 ရန်ကုန် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်စီးပွားတိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်၍ တရုတ်(ဟူနန်)-မြန်မာ ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲနှင့်ဟူနန်ပိုးလမ်းမကြီးဆက်သွယ်ရေး စင်တာ(မြန်မာ)ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ ဆူးလေ Shangrila Hotelတွင် ကျင်းပခဲ့သည်။

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ကျင်းပ ပြုလုပ်သည့် ၂၀၁၈ ခုနှစ် တရုတ် ရိုးရာ လမုန့်ပွဲတော် အခမ်းအနား အား စက်တင်ဘာ ၂၁ ရက် ညပိုင်း အချိန်တွင် ရန်ကုန် မြို့ရှိ Pan Pacific ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

ရန်ကုန် ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကူမင်း ဆေးဘက်ဆိုင်ရာ တက္ကသိုလ် အမှတ်(၂) ဆေးရုံ မှ ဆရာဝန် များ မှ မြန်မာ နိုင်ငံ ရှိ မျက်စိ အတွင်းတိမ် လူနာ များအား အခမဲ့ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးသည့် "၂၀၁၈ ခုနှစ် မြန်မာ နိုင်ငံ အလင်းရောင် ခရီးစဉ်" လှုပ်ရှားမှု ကို စက်တင်ဘာ လ ၂၀ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရန်ကုန် ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း တို့မှ ပူးပေါင်းဆောင်ရွက် သည့် မြန်မာ နိုင်ငံ အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန် တွင် ဆောင်ရွက်ရမည့် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်း ကို စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်း အချိန် တွင် ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် အနောက်ဘက်မုဒ် ရှိ ဗုဒ္ဓဝင်ပြခန်း တန်ဆောင် တွင် စတင် ကျင်းပ ပြုလုပ် ခဲ့သည်။

ရေတာရှည်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ဆွာမြို့နယ်နှင့် ရေတာရှည်မြို့ နယ် အနီးဝန်းကျင် ရေမြုပ်ဒေသ ပြန်လည် ထူထောင်ရေး လုပ်ငန်းများသည် ၁၀ ရက်အတွင်း ပိုမိုမြန်ဆန်လာပြီ ဖြစ်ကြောင်း လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ ဆိုင်ရာ စီမံခန့် ခွဲမှု ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက ဆင်ဟွာကို ပြောသည်။

ရန်ကုန် ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း(China Foundation for Poverty Alleviation,CFPA) မြန်မာ နိုင်ငံ ရုံးခွဲ နှင့် စီမံကိန်း ဖော်ဆောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနား ကို စက်တင်ဘာ ၅ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန် တက္ကသိုလ် ရှိ စိန်ရတုခန်းမ တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

 

ရန်ကုန် ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံသားများ အနေဖြင့် ပြည်တွင်း၌ သာမက နိုင်ငံတကာနှင့်ပါ ချိတ်ဆက်၍ ရောင်းဝယ် ဖောက် ကားမှုများ ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ E-Commerce သင်တန်းများ ဖွင့်လှစ် သင်ကြားမည့် ZIME Myanmar Center ဖွင့်ပွဲ အခမ်းအနားကို ယနေ့ သြဂုတ် ၂၀ ရက်တွင် ရန်ကုန်မြို့ ရှိ UMFCCI ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

ရေဘေးသင့် ဒေသများရှိ အများပြည်သူ အတွက် လူမှု ဂရုဏာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အမေရိကန်ဒေါ်လာ တစ်သိန်းကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသို့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ကြက်ခြေနီ အသင်း ကိုယ်စား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယနေ့ သြဂုတ် ၁၃ ရက်တွင် ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း(ရန်ကုန် ရုံးခွဲ) သို့  သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ အတွင်းရှိ တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း က မွန်ပြည်နယ် ပေါင်မြို့နယ် အတွင်း ရှိ ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့ရေး ပစ္စည်းများ ပေးအပ် လှူဒါန်းသည့် အခမ်းအနား ကို သြဂုတ်လ ၁၂ ရက် နံနက်ပိုင်း အချိန်တွင် ပေါင်မြို့နယ် မီးသတ်တပ်ဖွဲ့ ရုံး ၌ ကျင်းပ ပြုလုပ်ခဲ့သည်။